နွေရာသီအခြေခံ ကွန်ပျူတာသင်တန်းဆင်းပွဲအခမ်းအနား ရေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျင်းပ

မွန်ပြည်နယ် ရေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီရုံးခန်းမ၌ ယမန်နေ့ မေလ (၂၉) ရက်နေ့ နံနက် ၉ နာရီချိန်တွင် နွေရာသီအခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။ အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်သူရမှ သင်တန်းဆင်းပွဲအမှာစကား ပြောကြားပြီး၊ သင်တန်း တက်ရောက်သော သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်ပြောကြားခဲ့သည်။ ဆက်လက်ပြီး သင်တန်းနည်းပြများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး၊ သင်တန်းသူ/သားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ် ခဲ့ပြီး နံနက် ၁၀း၃၀ နာရီချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရ သည်။