ဆားလင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေအပ်ပွဲအခမ်းအနား ကျင်းပ

ဆားလင်းကြီး၊ မေ ၂၉

စစ်​ကိုင်းတိုင်း​ဒေသကြီး ယင်းမာပင်​ခရိုင်​ ​ဆားလင်းကြီးမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ ပါတီဝင်​အဆိုပြုလွှာ စု​ပေါင်း ပေးအပ်​ပွဲကို မြို့နယ်​ခန်းမ၌ပြုလုပ်​​ပါသည်​။

အဆိုပါစု​ပေါင်း​ပေးပွဲသို့ တိုင်း​ဒေသကြီးပါတီ အတွင်း​ရေးမှူး ဦး​အောင်​​ဇော်​ဦး ​၊ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင် ​ဒေါ်သိင်္ဂီဝင်း​ရွှေ​နှင့် ​ဒေါ်ယဉ်​မာဝင်း၊ ​ဒေါ်ကြူမိုးသန့်​ ၊ ယင်းမာပင်​ခရိုင်​ပါတီဥက္ကဋ္ဌ ဦး​​သောင်းဟန်​ ၊ ခရိုင်​ပါတီ​ကော်​မတီဝင်​များ ၊ ဆားလင်းကြီးမြို့နယ်​ပါတီဥက္ကဋ္ဌ ​ဒေါ်ကြူကြူစိန်​၊ မြို့နယ်​ပါတီဝင်​များ ၊ ရပ်​​ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီဝင်​​လောင်းများ တက်​​ရောက်​ကြပါသည်​။

အခမ်းအနားတွင်​ နိုင်​ငံ​တော်​အလံအား အ​လေးပြုကြပြီး၊ တိုင်းပါတီအတွင်း​ရေးမှူး ဦး​အောင်​​ဇော်​ဦးနှင့် ခရိုင် ပါတီဥက္ကဋ္ဌ ဦး​သောင်းဟန်​တို့မှ ကြိုဆိုနူတ်​ခွန်းဆက်​စကား​ပြောကြားပြီး တက်​​ရောက်​လာ​သော အသစ်​ထပ်​မံဝင်​​ရောက်​လာကြ​သော ပါတီဝင်​​လောင်းများအား ပါတီရင်​ထိုးများထိုး​ပေးပြီး အသိအမှတ်​ပြုကာ အစုအဖွဲ့ ( ၄ ) စု ခွဲကာ ယ​နေ့ နိုင်​ငံ​ရေးအ​ခြေအ​နေများ၊ ​တောင်​သူလယ်​သမား၊ အလုပ်​သမားများ၏ ဘဝနှင့်​အခက်​အခဲများ၊ လူငယ်​နှင့်နိုင်​ငံ​ရေး ၊ အမျိုးသမီးများဘဝလုံခြုံ​ရေးများ ၊ ဘာသာသာသနာထွန်းလင်း​တောက်​ပ​ရေး၊ စသည့် စာတမ်းများ ဝိုင်းဝန်း​ဆွေး​နွေးပြုစုကာ ဖတ်​ကြားပြီး အခမ်းအနားကို “ဇာတိမာန်​” သီချင်း သံပြိုင်​သီဆို၍ ရုတ်​သိမ်း ခဲ့ကြပါသည်​။
အဆိုပြုလွှာ စု​ပေါင်း​ပေးအပ်​ပွဲတွင်​ ​ကျေးရွာအုပ်​စု ( ၄၂ ) အုပ်​စုရှိ ​ကျေးရွာ​ပေါင်း ( ၁၅၀) မှ ပါတီဝင်​အဆိုပြုလွှာစုစု​ပေါင်း ( ၅၃၀ ) ဦး ရှိပြီး ပါတီဝင်​​လောင်း ( ၃၅၀ ) ဦး တက်​​ရောက်​ကြပါသည်​။

စက – ၀၀၈