မုန်တိုင်းငယ်ကြောင့် လူတစ်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံး
ရွှေပြည်သာမြို့နယ်တွင် မေလ ၂၉ ရက်နံနက်က မုန်တိုင်းအရှိန်ဖြင့် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့်လူနေအိမ်အချို့ကို တွေ့ရစဉ်
ယခုရက်ပိုင်းအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်ကြောင့် လူတစ်ဦးသေဆုံးပြီး နှစ်ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
မုန်တိုင်းငယ်အရှိန်ကြောင့် မြို့နယ် ခုနှစ်ခုထက်မနည်းမှာ နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပြီးတော့ နေရာကွက်ပြီး မိုးကြီးတာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်ကို အထူးသတိပြုနေထိုင်ဖို့ကိုလည်း သတိပေးထားပါတယ်။
ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းးငယ်က မေလ၂၉ ရက်နေ့မှာ ရခိုင်ကမ်းရိုးတန်းဒေသ ကျောက်ဖြူနဲ့ စစ်တွေမြို့ကြားက ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးတော့ အဲ့ဒီကာလကျော်လွန်မှ အားလျော့မယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
မာန်အောင်မြို့မှာ မေလ ၂၉ ရက်နေ့က လေပြင်းကြောင့်နေအိမ်ပေါ်သစ်ပင်လဲကျပြီးအမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးနှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ပုသိမ်မြို့မှာ လေပြင်းတိုက်တာကြောင့် သစ်ပင်အချို့ကျိုးကျပြီး ဓါတ်တိုင်တွေပျက်စီးခဲ့ပြီး ဘိုကလေးမြို့မျာ စက်လှေတစ်စီးနစ်မြှုပ်ပြီး မေလ ၂၈ ရက်နေ့မနက်ပိုင်းမှာ ရေလုပ်သား နှစ်ဦးပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ဟိုင်းကြီးကျွန်းနဲ့ ဘားအံမြို့နယ်မှာလေပြင်းတိုက်တာကြောင့် နေအိမ်အလုံးသုံးဆယ်ကျော်နဲ့ စာသင်ကျောင်းတွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ရွှေပြည်သာမြို့နယ်မှာ လေပြင်းကျရောက်တာကြောင့် နေအိမ်အဆောက်အအုံ ၉၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
အလားတူပဲ လှိုင်သာယာမြို့နယ်မှာလည်း အောင်မြေသာယာဆုတောင်းပြည့်စေတီထီးတော်က လေပြင်း တိုက်ခတ်တာကြောင့် မြေခခဲ့ပါတယ်။ရန်ကုန်က မြို့နယ်အတော်များများမှာလည်း သစ်ပင်တွေပြိုလဲတာ၊ ဓါတ်တိုင်တွေ ပြိုလဲတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
မေလ ၃၁ ရက်နေ့အထိ မုန်တိုင်းငယ်ကြောင့် သတိပြုနေထိုင်ဖို့လိုမယ်လို့ ဒေါက်တာထွန်းလွင်နဲ့ မိုးဇလက သတိပေးထားပါတယ်။
Source – 7 Day Daily