ယူရိုတစ်ဘီလီယံ လျော်ကြေးပေးရန် ရာမို့စ်ကို အီဂျစ်ရှေ့နေ တရားစွဲဆို

စနေနေ့က ကစားခဲ့သော ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ရီးရဲလ်အသင်း ခေါင်းဆောင်နှင့် ဘောလုံးယှဉ်လုစဉ် လီဗာပူးနှင့် အီဂျစ်ကြယ်ပွင့် မိုဟာမက်ဆာလက် ဒဏ်ရာရရှိခဲ့ပြီးနောက် အီဂျစ်ရှေ့နေ တစ်ဦးက ဆာဂျီယိုရာ မို့စ်ကို ယူရိုတစ်ဘီလီယံ တရားစွဲဆိုမှု စတင်လိုက်သည်။

ကိဗ်မြို့ဗိုလ်လုပွဲအတွင်း ရာမို့စ်နှင့် လုံးထွေးနေပြီးနောက် ဆာလက်သည် ဘယ်ဘက်ပခုံးဖြင့် မြေပြင်ပေါ် လဲကျကာ ပခုံးအရွတ်များ ဒဏ်ရာရရှိပြီး ကမ္ဘာ့ဖလားယှဉ်ပြိုင်ရေး မသေချာဖြစ်ခဲ့သည်။

မိမိအနေဖြင့် ရုရှားကမ္ဘာ့ ဖလားယှဉ်ပြိုင်နိုင်မည်ဟု ယုံကြည်စိတ်ချနေကြောင်း ဆာလက်က တွစ်တာတွင် ပြောကြားသော်လည်း ရှေ့နေဆက်ဆမ်ဝါ ဘာ၏ ဒေါသကိုမူ မပြေပျောက်နိုင်ခဲ့ပေ။

‘‘ရာမို့စ်က ဆာလက်ကို တမင်တကာ ဒဏ်ရာရအောင် လုပ်ခဲ့တာပါ။ သူလုပ်ခဲ့တာကို အပြစ်ပေးသင့်ပါတယ်။ ဒါကိုအမှုဖွင့်ထားပြီး ဖီဖာကို တိုင်ကြားပြီးပါပြီ’’ ဟု ရှေ့နေဝါကာက ပြောသည်။

‘‘ဆာလက်နဲ့ အီဂျစ်ပြည်သူတွေအပေါ် ရာမို့စ်ကကိုယ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအတွက် လျော်ကြေးတောင်းမှာဖြစ်ပြီး အဲဒီလျော်ကြေးဟာ ယူရိုတစ်ဘီလီယံကျော်နိုင်ပါတယ်’’ဟု အီဂျစ်ရုပ်သံလိုင်း ဆာဒါးအယ်လ်ဘာလက်အား ဝါဘာက ပြောသည်။

အကယ်၍ လျော်ကြေးရရှိပါက နိုင်ငံတော်၏ Long Live Egypt ရန်ပုံငွေသို့ လှူဒါန်းမည်ဟု အီဂျစ်ရှေ့နေက ပြောသည်။

ထိုအတောအတွင်း Change.org ဝက်ဘ်ဆိုက်က ဆာလက်ကို ဖျက်ထုတ်ပုံကြမ်းခဲ့သော ရာမို့စ်အား အရေးယူရေး ယူအီးအက်ဖ်အေနှင့် ဖီဖာထံ တောင်းဆိုသော လှုပ်ရှားမှုတွင် လူပေါင်း သုံးသိန်း၏ လက်မှတ်များ ရထားသည်။

ဒိုင်လူကြီး မီလိုရက်မာတစ် ကမူ ယင်းအဖြစ်အပျက်၌ ပြစ်ဒဏ်ဘော မပေးခဲ့ပေ။

-Ref:Goal