ပလတ်စတစ်သုံး ပစ္စည်းတချို့ ထုတ်လုပ်မှု တားမြစ်ဖို့ ဥရောပသမဂ္ဂ အဆိုတင်သွင်းမည်

ဥရောပသမဂ္ဂဟာ ပလတ်စတစ်နဲ့လုပ်ထားတဲ့ နားသန့်စင်တံတွေ၊ အအေးသောက်တဲ့ပိုက်တွေ၊ ကော်ဖီဖျော်တဲ့ မွှေတံတွေ ထုတ်လုပ်တာကို တားမြစ်ဖို့ အဆိုတင်သွင်းတော့မှာဖြစ်ပါတယ်။ တခြား ပစ္စည်းတွေနဲ့ အလွယ်တကူ အစားထိုးသုံးနိုင်တာမို့ ပလတ်စတစ်ပစ္စည်းတွေကြောင့် ပင်လယ်ကမ်းခြေတွေနဲ့ သမုဒ္ဒရာကြမ်းပြင်တွေ ပျက်စီးမှုကနေ ကာကွယ်ဖို့ အားထုတ်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဥရောပသမဂ္ဂရဲ့အဆိုကို အကောင်အထည်ဖော်နိုင်ခဲ့ရင် နောက်ထပ် နှစ်ပေါင်း တစ်ဒါဇင်အတွင်း ရေအောက် ကမ္ဘာမှာ ဒေါ်လာ သန်း ၂၅၀ လောက် တန်ကြေးရှိမယ့် သဘာဝဝန်းကျင် ပျက်စီးမှုတွေကို ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မီးဖိုချောင်သုံး ပလတ်စတစ်ပစ္စည်းတွေကိုတော့ အပြည့်အဝ တားမြစ်ဦးမှာ မဟုတ်ပေမယ့် တခြားပစ္စည်းတွေနဲ့ အစားထိုးသုံးပြီး ပလတ်စတစ်ပစ္စည်းတွေသုံးတာကို တဖြည်းဖြည်း လျော့ချသွားဖို့ခြေလှမ်းတွေ စတင်မယ်လို့ တခြား ဥရောပသမဂ္ဂရဲ့ ဒုတိယ ဥက္ကဋ္ဌ ဖရန့်စ် တင်မာမန်းစ် ကပြောပါတယ်။

ဥရောပသမဂ္ဂရဲ့ ပလတ်စတစ်ပစ္စည်းတွေ တားမြစ်ရေးအဆိုကို ဥရောပ ပါလီမန်က စစ်ဆေးဆုံးဖြတ်ရမှာဖြစ်ပြီး ၂၀၁၉ ခုနှစ်မတိုင်ခင် ဆုံးဖြတ်ချက်ကို သိရမယ်လို့ မျှော်လင့်တဲ့အကြောင်း ဖရန့်စ် တင်မာ မန်းစ် က ပြောပါတယ်။

-Ref; RFA