WLC-5လက်ဝှေ့ပြိုင်ပွဲတွင် ချန်ပီယံလုပွဲ ယှဉ်ပြိုင်မည့် တွဲဆိုင်းနှစ်ဆိုင်း မိတ်ဆက်ပွဲကျင်းပ

ရန်ကုန် မေ ၂၇

မြန်မာလက်ခမောင်း ကုမ္ပဏီ၏ WLC-5 တွင် ချန်ပီယံလုပွဲနှစ်ပွဲ ပါဝင်ယှဉ်ပြိုင်မည့် တွဲဆိုင်းနှစ်ဆိုင်း မိတ်ဆက် ပွဲကို ယနေ့တွင် ရန်ကုန်မြို့ unction Mawtin ရှိ Transcend Gym ခန်းမ၌ ကျင်းပသည်။ WLC-5 လက်ဝှေ့ ပြိုင်ပွဲတွင် တွဲဆိုင်း စုစုပေါင်း ခုနစ်ဆိုင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ် ပြီး လိုက်ဝယ်တာ ဝိတ်တန်းနှင့် လိုက်မစ်ဒယ် ဝိတ်တန်းပြိုင်ပွဲများ၏ ချန်ပီယံလုပွဲများပါဝင် မည်ဖြစ်ကြောင်း သိရသည်။

လိုက်ဝယ်တာဝိတ်တန်းတွင် ယှဉ်ပြိုင်မည့် စောဒါဝိတ်နှင့် ကျော်ဇင်လတ်၊ လိုက်မစ်ဒယ် ဝိတ်တန်းတွင် ယှဉ်ပြိုင်မည့် စောဘဦး (မြန်မာ)နှင့် အသာဆာလာဒိုက် (ပိုလန်) တို့၏ ချန်ပီယံလုပွဲများ အတွက် မိတ်ဆက် ပွဲပြုလုပ်ခဲ့ပြီး မီဒီယာများနှင့် မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲ၏ အဓိက တွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ကြမည့် စောဘဦး (မြန်မာ) နှင့် အသာဆာလာဒိုက် (ပိုလန်) တို့၏ပွဲစဉ်တွင် စောဘဦးအား ချန်ပီယံလုပွဲ ယှဉ်ပြိုင်ရန် အသင့်ဖြစ်နေသော လက်ဝှေ့သမားတစ်ဦး ဖြစ်နေပြီဟု မြန်မာ လက်ခမောင်း ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

”စောဘဦးဆီမှာ ချန်ပီယံဆုကိုစိန်ခေါ် နိုင်လောက်တဲ့ သတ္တိနဲ့ အရည်အသွေးရှိ ပါတယ်။ လက်ဝှေ့သမား တစ်ယောက်ရဲ့ ပုံစံ အမှန်ကို သူ့ဆီမှာ မြင်တွေ့ရပါတယ်။ ဒီလို ကစားသမားတွေကို များများ မွေးထုတ်ပေး ဖို့လိုပါတယ်။ စောဘဦးရဲ့ အရည်အသွေး က ချန်ပီယံဖြစ်ဖို့ ထိုက်တန်နေပါပြီ”ဟု ၎င်းက ဆက်ပြောသည်။

WLC-5 ပြိုင်ပွဲကို ဇွန် ၂ ရက်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ၌ ကျင်းပမည်ဖြစ်ပြီး စောဘဦး၊ အသာဆာလာဒိုက်၊ ဘာဒါတို၊ စောငမန်း၊ သပြေညို၊ ဖိုးလပြည့်၊ မိုက်ရိုင်းနှင့် စောထူးအောင် စသည့် နာမည်ကျော်လက်ဝှေ့ သမားများ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ