ကြံ့ခိုင်မှုရာနှုန်းပြည့်ကောင်းမွန်ခြင်း မရှိသေးဟု တိုက်စစ်မှူး နေမာ ၀န်ခံ

ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့ (၃)ပတ်ခန့်သာလိုတော့တဲ့အချိန်မှာ ဘရာဇီးတိုက်စစ်မှူးနေမာက သူ့အနေနဲ့ကြံ့ခိုင်မှု ရာနှုန်းပြည့်ကောင်းမွန်ခြင်းမရှိသေးဘူးလို့ ၀န်ခံခဲ့ပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူးလည်း ဖြစ်တဲ့နေမာဟာ ဒဏ်ရာကနေပြန်ကောင်းလာပြီး လေ့ကျင့်ခန်းဆင်းနေပြီ ဖြစ်ပါတယ်။ ဇွန်လ(၃)ရက် ခရိုအေးရှားနဲ့ကစားမယ့် ခြေစမ်းပွဲမှာ ဘရာဇီးအသင်းအတွက် နေမာပြန်ကစားနိုင်ဖွယ် ရှိတယ်လို့ မျှော်လင့်နေပေမယ့် အသက်(၂၆)နှစ်အရွယ်ကစားသမားကတော့ ကြံ့ခိုင်မှုပြည့်ဝခြင်းမရှိသေးဘူးလို့ ဆိုလိုက်ပါတယ်။ နေမာက “ရာနှုန်းပြည့်ကောင်းမွန်ခြင်း မရှိသေးပါဘူး” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ သူပြန်ကစားနိုင်ဖို့ သံသယရှိနေတဲ့အပေါ် လက်ခံခဲ့ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ နေမာက အတည်ပြုပြောကြားခဲ့ပါတယ်။

နေမာက “ ပြန်ကစားနိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော့်ကိုရပ်တန့်နိုင်တဲ့အရာမရှိပါဘူး။ (၃)လလောက် အနားယူခဲ့ရတဲ့ အတွက် စိုးရိမ်မှုရှိပါတယ်။ ဒါပေမယ့် အဲဒါက ကျွန်တော့်ကို တားဆီးနိုင်မှာ မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

 

-Ref; Sky sports