မော်လမြိုင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားပြုလုပ်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲ အခမ်းအနားကို မေလ ၂၄ ရက်နေ့ နံနက် (၁၁) နာရီချိန်တွင် ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြုကြပြီး၊ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့ သည်။ ယင်းနောက် သဘာပတိ မော်လမြိုင်ခရိုင်ဥက္ကဋ္ဌ ဦးစိုးထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ် (၆) မြို့နယ်မှ ပါတီဝင်များမှ မြို့နယ်အလိုက် ပါတီဝင်အဆိုပြုလွှာနှင့် ပါတီဝင်ကြေးများ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ပါတီဝင်တစ်ဦးမှ ပါတီသို့ဝင်ရောက်ရသည့်အကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သဘာပတိမှ နိဂုံးချုပ်အမှားစကားပြောကြားကာ ပါတီဝင်များအား ပါတီရင်ထိုးများ ချီးမြှင့်ကာ အခမ်းအနားကို နံနက် (၁၁း၃၀) နာရီချိန်တွင် ပြီးမြောက်ခဲ့သည်။ အဆိုပါ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ အခမ်းအနားသို့ မွန်ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ မော်လမြိုင်ခရိုင်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ် (၆) မြို့နယ်မှ ပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များ တက်ရောက် ခဲ့ကြသည်။