ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

လွိုင်ကော်၊ မေလ ၂၄

ယနေ့ ၂၄ – ၅ – ၂၀၁၈ ရက်နေ့ နံနက် (၁၀း၁၅) နာရီမှ (၁၁း၅၀) နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ်ပုံမှန် လုပ်ငန်းညှီနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။

ယင်းအစည်းအဝေးသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း (ဗဟိုအလုပ်အမှုဆောင်)၊ ဗဟိုကော်မတီဝင်ဦးကိုရယ် ပြည်နယ်ပါတီနာယကများဖြစ်ကြသော ဦးတောရယ်နှင့် ဒေါ်စုလေးဖြူ ပြည်နယ် ယာယီ အတွင်းရေးမှူး ဦးကျော်မြင့် ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးတင်ဦး၊ ဦးရဲဝင်း၊ ဦးကျော်သင်း၊ ဦးမော်ရယ်၊ ဦးအောင်နိုင်ဦး၊ ဒေါ်မော်မော်ခိုင်၊ ဒေါ်ဗျားမြာမောင်နှင့် ဒေါ်ဒေါရစ်လေးတို့ တက်ရောက်ကြောင်း သိရှိရသည်။

ထာဝရ ထာဝရနြေချစ်သူ မြေချစ်သူ