ရထားပေါ်မှာ တနှစ်တရက် သက်သတ်လွတ်ကျွေးဖို့ အိန္ဒိယမှာ အဆိုပြု

အိန္ဒိယက ရထား ပို့ဆောင်ရေး ၀န်ဆောင်မှု

အိန္ဒိယ နိုင်ငံတလွှား ရထားတွေမှာ တနှစ်ကို တရက် ခရီးသည်တွေကို အသားငါးမပါဘဲ ဟင်းသီးဟင်းရွက် သက်သတ်လွတ် ကျွေးဖို့ အဆိုပြုချက်အပေါ် တုန့်ပြန်မှု မျိုးစုံထွက်ပေါ်လာခဲ့ပါတယ်။

ဟင်းသီးဟင်းရွက်ဘဲ သက်သတ်လွတ်စားတဲ့ လွတ်လပ်ရေးခေါင်းဆောင် မဟတ္တမဂန္ဒီကို လေးစား ဂုဏ်ပြုတဲ့ အနေနဲ့ တနှစ်မှာ သက်သတ်လွတ် တရက် သက်မှတ် ကျွေးမွေးဖို့ စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

တချို့က ဒီအဆိုကို ထောက်ခံခဲ့ကြပြီး အသားက ဈေးကြီးတဲ့ အတွက် ရထားပေါ်မှာ အသားဟင်းကျွေးမှု တားမြစ်ဖို့ တောင်းဆို ခဲ့ကြပါတယ်။

ဝေဖန်သူ တချို့ကလည်း ဒါဟာ ခရီးသွားတွေရဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်အပေါ် ထိခိုက်မှု ရှိလာမှာ စိုးရိမ်ကြောင်း ထုတ်ပြောခဲ့ကြပါတယ်။

တချို့ကတော့ ဘာ ကျွေးကျွေး ရထားပို့ဆောင်ရေး ဌာနအနေနဲ့ အစားအသောက်နဲ့ ဝန်ဆောင်မှုကို ဒီထက်ကောင်းအောင် လုပ်ဖို့ ပန်ကြားထားပါတယ်။

-Ref; BBC News