ကင်ဂျုံအွန်း နဲ့ တွေ့ရဖို့ ထရမ့် မျှော်လင့်ဆဲ

လစ်ဗျား ရဲ့ နျူကလီးယား အရင် ဖျက်သိမ်း ပေးခဲ့တဲ့ ကိစ္စ နဲ့ မြောက်ကိုရီးယား ရဲ့ အခြေအနေနဲ့ မတူဘူးလို့ ပြော

ဇွန်လ ၁၂ ရက်နေ့မှာ လုပ်မယ့် အမေရိကန် သမ္မတ နဲ့ ကင်ဂျုံအွန်း တို့ရဲ့ တွေ့ဆုံပွဲကို ဖျက်ပစ်မယ်ဆိုတဲ့ မြောက်ကိုရီးယားတို့ ခြိမ်းခြောက် ပြောဆိုထားတဲ့ ကိစ္စကို သမ္မတ ဒေါ်နယ်ထရမ့် က ဖြောင်းဖျပြောဆိုခဲ့ပါတယ်။
သမ္မတ ဒေါ်နယ် ထရမ့် က လစ်ဗျား ရဲ့ နျူကလီးယား အရင် ဖျက်သိမ်းပေးခဲ့တဲ့ ကိစ္စနဲ့ မြောက်ကိုရီးယား ရဲ့ အခြေအနေနဲ့ မတူဘူးလို့ ပြောပါတယ်။

မြောက်ကိုရီးယား ရဲ့ နျူကလီးယား အစီအစဉ်ကို သုံးသပ်တဲ့ အခါမှာ လစ်ဗျား ရဲ့ အဖြစ်အပျက်လိုမျိုး မဟုတ်ဘူး လို့ ပြောခဲ့ပါတယ်။ လစ်ဗျား က ပျက်စီးခဲ့ပြီးသား တိုင်းပြည်ဆိုတော့ သဘောတူညီမှုကို ဆက်လက် ဆောင်ရွက်စရာ မလိုတော့ဘူး။ မြောက်ကိုရီးယား ကျတော့ ကင်ဂျုံအွန်း ရှိတယ်။ နိုင်ငံကို သူကပဲ ဆက်လက် ဦးဆောင်မှာပါလို့ ဆိုခဲ့ပါတယ်။

လစ်ဗျားနိုင်ငံရဲ့ နျူကလီးယားအစီအစဉ်ဆိုတာ က ၂၀၀၃ ခုနှစ်တုန်း က အဲဒီအချိန်က လစ်ဗျား ခေါင်းဆောင် မိုဟာမက် ကဒါဖီ က သူ့နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်ကို အရင်ဆုံး ဖျက်သိမ်းပေးခဲ့ရတာပါ။

အဲဒီနောက်မှာ မှ အမေရိကန် နဲ့ သံတမန် ဆက်ဆံရေး ရခဲ့တာဖြစ်ပါတယ်။ တနှစ်အကြာမှာတော့ ကဒါဖီလည်း အနောက်အုပ်စု က ထောက်ပံ့မှု ပေးထားတဲ့ သူပုန်အဖွဲ့ ရဲ့ လက်ချက်နဲ့ပဲ သေဆုံးခဲ့ပါတယ်။

ဒီလို လစ်ဗျား ရဲ့ အနျူမြူ လက်နက် အရင်ဆုံး ဖျက်သိမ်းခဲ့တဲ့ သာဓကကို မြောက်ကိုရီးယား တို့က နမူနာ ယူရမယ် ဆိုပြီးတော့ အမေရိကန် သမ္မတ ရဲ့ လုံခြုံရေး အကြံပေး ဂျွန်ဘောလ်တန် က ပြောဆိုခဲ့တာပါ။

ဒီလို ပြောဆိုမှုကို မြောက်ကိုရီးယားတို့က အင်မတန်မှ ဒေါသပုန် ထခဲ့ပြီး ရှေ့လထဲ စင်္ကာပူ မှာ တွေ့ဖို့ စီစဉ်ထားတဲ့ ဒေါ်နယ် ထရမ့် နဲ့ ကင်ဂျုံအွန်း တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို ပြန်စဉ်းစားမယ်ဆိုပြီးတော့ ဗုဒ္ဓဟူးနေ့မှာ ခြိမ်းခြောက် ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန် နဲ့ တောင် ကိုရီးယား တို့ ပူးတွဲစစ်ရေး လေ့ကျင့်မှု အပေါ်မှာလည်း မြောက်ကိုရီးယား က ဒေါသတကြီး နဲ့ တုန့်ပြန်ခဲ့ပြီး တောင်ကိုရီးယား နဲ့ တွေ့ဆုံမယ့် ထိပ်သီးဆွေးနွေး ပွဲကို ဖျက်သိမ်းခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှု နဲ့ ပတ်သက်လို့ ပတ်သက်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဆာရာ ဆန်းဒါး က မြောက်ကိုရီးယား တို့ဟာ ဒီလို ပုံစံမျိုး နဲ့ ဘယ်လို ဆွေးနွေးမလဲဆိုတာတော့ မသိပါဘူး။ ဒီစစ်ရေး လေ့ကျင့်မှု တွေက အရင်တုန်းကထဲ က ကြိုတင်စီစဉ်ထားတဲ့ ကိစ္စတွေပါ။ နှစ်စဉ်လုပ်လေ့ ရှိပါတယ်။ ဒါကို သူတို့လည်း သိပါတယ်။ ချက်ချင်းပြောင်းလို့ ရတာ မဟုတ်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

အမေရိကန် သမ္မတ ကတော့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံမယ့် အစီအစဉ်ကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ မျှော်လင့်ကြောင်း ပြောဆိုထားပါတယ်။

ဒါပေမယ့် နျူကလီးယား ဖျက်သိမ်းရေးဆိုတဲ့ ကိစ္စမှာ မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ ကြားမှာ ခြားနားမှု ရှိနေပြီး ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးမှ ပြေလည်နိုင်မယ့် ကိစ္စဆိုပြီး လေ့လာသူတွေက သုံးသပ်နေပါတယ်။

-Ref; BBC News