ကျောက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီလစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် ကျောက်ကြီးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံးတွင် ယနေ့ နံနက် ၁ဝနာရီကကျောက်ကြီးမြို့နယ်ပါတီ ရုံးတွင်လစဉ်ပုံမှန်အစည်းအဝေးအား ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအစည်းဝေးအားမြို့နယ် ပါတီဥက္ကဋ္ဌဦးလှဘုန်းနှင့်မြို့နယ်ကော် မတီဝင်များတက်ရောက်ကြပြီးပါတီ ဥက္ကဋ္ဌကတက်ရောက်လာသည့် မြို့ နယ်ကော်မတီရေးရာအလိုက်လစဉ် အလိုက်ဆောင်ရွက်နေမှုများနှင့် မိမိတို့မြို့နယ်အနေဖြင့် ပူးပေါင်း ကွင်းဆင်းဆောင်ရွက်ရမည့်လုပ် ငန်းများအား မိုးမကျမီ လက်ကျန် လုပ်ငန်းများပြီးပြတ်အောင်ဆောင် ရွက်ရန်မှာကြားသည်။

ထို့နောက် တက်ရောက်လာ သည့်ကော်မတီဝင်များနှင့်လက်ရှိ ဖြစ်ပေါ်နေသောအကြောင်းအရာ များနိုင်ငံရေးအခြေအနေများကို ဆွေးနွေးပြီးပါတီဗဟိုလူငယ်ညီလာခံ တွေ့ဆုံပွဲအားတက်ရောက်မည့် လူ ငယ်များအား ရှင်းလင်းမှာကြားပြီး အစည်းအဝေးအား မွန်း တည့် ၁၂ နာရီတွင် ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ခိုင်ကြီး(ကျောက်ကြီး)