မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းပါတီကော်မတီဝင် ဦးမျိုးမြင့်နှင့်အဖွဲ့များမှ ဓမ္မစကူးလ်နှင့် ယဉ်ကျေးလိမ္မာသင်တန်းသား/သင်တန်းသူများအား မုန့်များလှူဒါန်း

 

၁၅-၅-၂၀၁၈ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီတိုင်းပါတီကော်မတီဝင် ဦးမျိုးမြင့်၊ ဦးကျော်စန်း ၊ မန္တလေးခရိုင်ပါတီဥက္ကဌ ဦးဘိုသင်းတို့သည် ချမ်းအေးသာစံမြို့နယ် ငြိမ်းချမ်းရေးကျောင်းတိုက်သို့ သွားရောက်ပြီး ဆရာတော် ဦးနရိန္ဒ အားဖူးမျှော်ကာ ကျောင်းတိုက်အတွင်း ဆရာတော် ဦးနရိန္ဒ ဦးစီးဖွင့်လှစ်လျက်ရှိသော ဓမ္မစကူးလ်နှင့်ယဉ်ကျေးလိမ္မာသင်တန်းသား/သင်တန်းသူများအား အဟာရမုန့်များကျွေးမွေးလှူ ဒါန်းခဲ့ပါသည်။
ငြိမ်းချမ်းရေးကျောင်းတိုက်တွင် ဓမ္မစကူးလ်နှင့်ယဉ်ကျေးလိမ္မာသင်တန်းအားဆရာတော် ဦးနရိန္ဒမှ ဦးစီး၍ နေ့စဉ် နေ့လည် ၁ နာရီမှ ညနေ ၅ နာရီထိဖွင့်လှစ်ပြီး သင်တန်းသား/သင်တန်းသူ ၁၅၀ ဦးတို့တက်ရောက်သင်ကြားလျက်ရှိကြောင်းသိရသည်။