ရခိုင်ဒေသကမွတ်စလင်များ သုံးစွဲခြင်းကို ပြည်ခိုင်ဖြိုးပါတီ ပြင်းထန်စွာကန့်ကွက်
ရန်ကုန်၊ မေ ၁၅
ရခိုင်ဒေသမွတ်စလင်များလို့သုံးစွဲခြင်းကို ပြင်းထန်စွာကန့်ကွက်တယ်လို့ ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီကော်မတီ ဒေါ်အေးမင်းမိုး(တိုင်းပါတီဘဏ္ဍာရေးမှူး)က ဒီကနေ့ပြောဆိုလိုက်ပါတယ်။
ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီရဲ့ အစည်းအဝေးခန်းမမှာ ဒီနေ့ မေ ၁၅ ရက် နေ့လယ် ၁နာရီအချိန်ကပြုလုပ်ခဲ့တဲ့ တိုင်းပါတီတာဝန်ရှိသူများနဲ့ မီဒီယာများတွေ့ဆုံပွဲမှာ မီဒီယာများရဲ့မေးမြန်းမှုကို ဖြေကြားခဲ့တာပါ။
“ဘင်္ဂလီဆိုတာ ဘင်္ဂလားဒေရှ့် ကို ကိုယ်စားပြုတာလေ ၊ မူလဇာတိဒသ(Country of Origin) ကိုဖျောက်ဖျက်ပေးရာရောက်တယ်၊ နောက်ပြီး နိုင်ငံမဲ့များဆိုင်ရာ ကွန်ဗင်းရှင်း (State Less Convention) အရ လက်ခံထားတဲ့နိုင်ငံ မြန်မာနိုင်ငံက အဆုံးစမရှိလက်ခံရမယ့် ရလဒ်လို့ ခံစားရတယ်” လို့ ဒေါ်အေးမင်းမိုးက ဆိုပါတယ်။
ဆက်လက်ပြီးလူမျိုးရေးနဲ့ ဘာသာရေးအမည်တပ်သုံးစွဲတဲ့အပေါ်ဒေါ်အေးမင်းမိုးက”မွတ်စလင်အသိုင်းဝိုင်းလို့ သုံးလိုက်တဲ့အတွက်လည်းအနှစ်သာရက အများကြီးကွာခြားသွားတယ်၊ ဘာသာရေးကို အခြေခံပြီးကမ္ဘာပေါ်ရှိ အစ္စလမ်များကဖိအား တွေပေးလာတယ်၊ ဒါကြောင့်ဘင်္ဂလားဒေ့ရှ် ကလာတဲ့အတွက် ဘင်္ဂလီလူမျိုးဆိုတာကိုပဲ လက်ခံမယ်၊ရခိုင်ဒေသမွတ်စလင်များလို့ သုံးစွဲခြင်းကို ပြင်းထန်စွာကန့်ကွက်တာပါ”လို့ ဆက်ပြောပါတယ်။
ထိုတွေ့ဆုံပွဲမှာ ကဏ္ဍအလိုက်ကိစ္စများကို ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများဖြစ်တဲ့ တိုင်းပါတီကော်မတီ၊ သတင်းမီဒီယာတာဝန်ခံ ဒေါက်တာကျော်စိုး၊ တိုင်းပါတီကော်မတီ၊ ဘဏ္ဍာရေးမှူးဒေါ်အေးမင်းမိုး၊ တိုင်းပါတီကော်မတီ ဦးခင်မောင်တင့် တို့က ရှင်းလင်းဖြေကြားခဲ့ပါတယ်။
အဆိုပါပွဲဟာ ရန်ကုန်မြို့သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးရုံးချုပ်ခန်းမမှာ ဧပြီ ၂၇ရက်က ပြုလုပ်ခဲ့တဲ့ (၂၇)ပါတီတွေ့ဆုံပွဲမှာ နိုင်ငံတော်တွင်ဖြစ်ပေါ်နေသော အထွေထွေ အရပ်ရပ်အခြေအနေများနှင့်စပ်လျဉ်းပြီး နိုင်ငံရေးပါတီ ၂၇ပါတီ၏ သဘောထားအမြင်များနှင့် ပြည်သူ့ အတွက် လိုလားချက်များကို ထပ်ဆင့်ရှင်းလင်းတဲ့ပွဲဖြစ်ပြီး နိုင်ငံတော်သမ္မတထံကို အိတ်ဖွင့်ပေးစာတစ်စောင် (စာမျက်နှာ ၂ ခု ဖော်ပြထား) ပေးပို့ထားခဲ့ကြောင်း သိရသည်။
By – မြတ်ဟိန်းကျော်(ကော့မှူး)
MUNA