တိုက်စစ်မှူးနေမာ ပြင်သစ်တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုရရှိ

ယမန်နေ့က ပါရီမြို့တွင် ကျင်းပသော အခမ်းအနားတစ်ခု ၌ ပြင်သစ် တစ်နှစ်တာအကောင်း ဆုံး ဘောလုံးသမား အဖြစ် နေမာ ကို ရွေးချယ်ပြီး နောက်ပိုင်းတွင် နေမာက    အပြောင်းအရွှေ့နှင့် ပတ်သက်၍ မေးခွန်းများကိုဖယ် ရှားခဲ့သည်။

ဒဏ်ရာကြောင့် ဘောလုံးရာသီ နောက်ဆုံးသုံးလတွင် မကစားနိုင်သော်လည်း ပီအက်စ်ဂျီစူပါ ကြယ်ပွင့်က ယင်းဆုကို ရရှိခြင်းဖြစ်သည်။

ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမားသည် ဖေဖော်ဝါရီတွင် ခြေချောင်းရိုးကျိုး ဒဏ်ရာရရှိပြီး ဘရာဇီး၌ ခွဲစိတ်ကုသမှုမခံယူမီ ပီအက်စ်ဂျီအတွက် လိဂ်ပွဲပေါင်း ၂၀ တွင် ၁၉ ဂိုးသွင်းယူခဲ့သည်။

ဒဏ်ရာရပြီးနောက်ပိုင်း နေမာဘောလုံး ပြန်မကစားသေးဘဲ ယခုလစောစောပိုင်းက ဘရာဇီးမှပြင်သစ်သို့ ပြန်လာပြီး တစ်ရာသီသာ ကစားရသေးသော အသင်းမှ ထွက်ခွာမည်ဟု မှန်းဆချက်များ ရှိခဲ့သည်။

‘‘ကျွန်တော် ဒီဘောလုံးရာသီမှာ အရမ်းပျော်ရွှင်ပါတယ်။ ကြီးမားတဲ့ဂုဏ်ပြုမှုပါ။ ကျွန်တော့်ရဲ့ အသင်းဖော်တွေ မပါဘဲ နဲ့ ကျွန်တော်ဒီဆုကိုရမှာမဟုတ်ပါ ဘူး’’ ဟု နေမာ (၂၆) နှစ်က ပြောကြားသည်။

စနေနေ့ညက ပီအက်စ်ဂျီ၏ လီဂူးဝမ်းချန်ပီယံအဖြစ် အောင်ပွဲခံအခမ်းအနားများတွင် ပါဝင်ခဲ့သော နေမာက ၎င်း၏ အနာဂတ်ကို ဆွေးနွေးရန် ငြင်းဆန်သည်။

‘‘အပြောင်းအရွေ့ကာလ ရောက်လာတိုင်း ဒီကိစ္စတွေကို ပြောနေရတယ်။    လောလောဆယ်ကျွန်တော် ဘာမှမပြောချင်ပါဘူး။ ကျွန်တော်ဒီကို ဘာကြောင့် ရောက်လာသလဲ။ ရည်းမှန်းချက် ဘာတွေလဲဆိုတာ လူတိုင်းသိပါတယ်။ လောလောဆယ်မှာ ကျွန်တော့်ရဲ့ရည်မှန်းချက်ဟာ ကမ္ဘာ့ဖလားပါ။ အပြောင်းအရွေ့ အကြောင်း ပြောဖို့ မဟုတ်ပါဘူး’’ ဟု နေမာက ပြောကြားသည်။

အသင်းဖော်များဖြစ်သော လီဂူးဝမ်း ထိပ်တန်းဂိုးသွင်းရှင်ကာ ဗာနီ၊ ကိုင်လီယန်မက်ဘီနှင့် မာဆေးတောင်ပံ ကစားသမား ဖလော်ရီ ယန်သော်ဗင်တို့ကို ကျော်ဖြတ်၍ နေမာက ပြင်သစ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရရှိခြင်းဖြစ်သည်။ 

-Ref:Reuters