ကြားဖြတ်ရွေးကောက်ပွဲတွင် SNLD နှင့် SNDP နှစ်နေရာစီ ၀င်ပြိုင်မည်

 

နိုဝင်ဘာတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD-ကျားခေါင်းပါတီ) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP-ကျား ဖြူပါတီ) တို့ ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ပါတီပြောရေး ဆိုခွင့်ရှိသူများက မေလ ၁၃ရက် တွင်ပြောသည်။ 

ယင်းနှစ်ပါတီသည် ရှမ်းပြည်နယ်လဲချားပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် မန္တလေးတိုင်းဒေသကြီးရှမ်းတိုင်းရင်းသား ရေးရာ လူမျိုးမဲဆန္ဒနယ်တို့တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။  ‘‘နှစ်နေရာ စလုံးဝင်ပြိုင်ဖို့ အတွက်အောက်ခြေ မှာတော့ အစည်းအဝေးလုပ်ဖို့ကို ညွှန်ကြားထားပြီးသားဖြစ်တယ်’’ ဟု SNLD တွဲဖက်အတွင်းရေးမှူး (၁) ဦး စိုင်းလိတ်က ပြောသည်။ 

SNDP အနေဖြင့်လည်း ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် လူပုဂ္ဂိုလ်ရွေးချယ်လျာထားပြီဖြစ်ကြောင်း ပါတီ အတွင်းရေးမှူး ဦးစိုင်းအောင်မြင့်ခိုင်ကပြောသည်။  ‘‘လျာထာတဲ့သူတွေကိုပြောဖို့ကတော့ အချိန်စောပါသေးတယ်။ ကျွန်တော်တို့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေတော့ရှိပါတယ်’’ ဟု ၎င်းကဆက်လက် ပြောသည်။ 

SNDP သည် ၂၀၁၂ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် အများစုရွေးကောက်ခံခဲ့ရသော် လည်းပြီးခဲ့သည့် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲ၌ ပြည်နယ် လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် တစ်နေရာသာ အနိုင်ရခဲ့သည်။ SNLD  ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အများအပြားရွေးချယ်ခံခဲ့ရပြီး ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌လည်း ပြည်ထောင်စုနှင့် ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၄၆ဦးရွေးကောက်ခံခဲ့ရသည်။  လွှတ်တော်အသီးသီးမှ လစ်လပ်မဲဆန္ဒနယ် ၁၃နေရာအတွက်  ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။