မအူပင်တွင် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံပွဲပြုလုပ်

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည် ခိုင်ဖြိုးပါတီသည် စဉ်ဆက်မပြတ် ပါတီဝင်များနှင့် တွေ့ဆုံပွဲပြုလုပ် ခဲ့ကြရာတွင် ယနေ့နံနက် ၉ နာရီ ၌ မအူပင်မြို့နယ် မလက်တိုကျေး ရွာအုပ်စု လက်ပန်ကုန်းကျေးရွာမှ ပါတီဝင်များနှင့် တွေ့ဆုံပွဲပြုလုပ် ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ မအူပင် ခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီ ဝင် ဦးမင်းအောင်နှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစော သောင်းဒန်နှင့် မြို့နယ်ပါတီကော် မတီဝင်များ၊ မလက်တိုကျေးရွာ အုပ်စု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထွန်းလွင်နှင့် ကျေးရွာပါတီ ကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြပြီး ပါတီ၏ရှေ့ လုပ်ငန်းစဉ်များနှင့် မကြာမီပြုလုပ် မည့် လူငယ်ညီလာခံ ကိစ္စရပ်များ ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)