ဘွန်ဒက်စ်လီဂါတွင် ၅၅ နှစ်ကြာရပ်တည်ခဲ့ပြီး ပထမဆုံးအကြိမ် တန်းဆင်းသွားခဲ့ရမှုကြောင့် ဟမ်းဘာ့ဂ်ပရိသတ်များ သောင်းကျန်း

ဘွန်ဒက်စ်လီဂါအသင်းဟမ်းဘာ့ဂ်မှာ မွန်ချင်ဂလက်ဘတ်အသင်းကို အိမ်ကွင်းတွင် ၂-၁ နှင့်အနိုင်ရခဲ့သော်လည်း ၀ုလ်ဘတ်အသင်းက ကိုလုံးကို ၄-၁ ဖြင့်အနိုင်ရရှိသွားခဲ့မှုကြောင့် ဘွန်ဒက်စ်လီဂါ-၂ သို့တန်းဆင်းသွားခဲ့ရသည်။

ဟမ်းဘာ့ဂ်အနေဖြင့် ဘွန်ဒက်စ်လီဂါတွင် ၅၅ နှစ်ကြာရပ်တည်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် တန်းဆင်းခဲ့ရခြင်း ဖြစ်သည်။

ထို့အတွက်ကြောင့် ဟမ်းဘာ့ဂ်ပရိသတ်များမှာ ပွဲချိန်အတွင် ကွင်းအတွင်းသို့ မီးရှုး၊ မီးပန်းများ ပစ်ဖောက်ကာ ဆူပူသောင်းကျန်းသွားခဲ့ကြသည်။ ပရိသတ်များ၏ဆူပူသောင်းကျန်းမှုကြောင့် ပွဲချိန် ၁၀ မိနစ်ခန့်ရပ်နား သွားခဲ့ရသည်။

ဟမ်းဘာ့ဂ်မှာ ဘွန်ဒက်စ်လီဂါတွင် ၁၉၆၃ ခုနှစ်ကတည်းက ပါဝင်ယှဉ်ပြိုင်လာခဲ့သည့် သက်တမ်းရင့် ဘွန်ဒက်စ်လီဂါ အသင်း တစ်သင်းဖြစ်သည်။

90Minutes