ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ရပ်ကွက်ကျေးရွာပါတီစည်းရုံးရေးဥက္ကဋ္ဌများနှင့်တွေ့ဆုံ

 

ညောင်ဦးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး တွင် ယနေ့နံနက် ၉ နာရီမှ စတင် ပြီး ရပ်ကွက်ကျေးရွာပါတီ စည်းရုံး ရေးဥက္ကဋ္ဌများနှင့် မန္တလေးတိုင်း ဒေသကြီးကော်မတီ အဖွဲ့ဝင် ညောင်ဦးခရိုင် နယ်မြေတာဝန်ခံ ဦးသန်းဌေး၊ ခရိုင်ကော်မတီဥက္ကဋ္ဌ ဦးညွန့်ဝင်း၊ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ဌေး၊ မြို့နယ်ကော်မတီ အတွင်းရေးမှူး ဦးအောင်ဆန်းဦးနှင့် မြို့နယ်ကော် မတီဝင်များ၊ ရပ်ကွက် ကျေးရွာ စည်းရုံးရေးမှူးဥက္ကဋ္ဌများ တက် ရောက်ခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်း ဒေသကြီးကော်မတီအဖွဲ့ဝင် ခရိုင် နယ်မြေတာဝန်ခံဦးသန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ သည်။ဆက်လက်၍ခရိုင်ကော်မတီ ဥက္ကဋ္ဌ ဦးညွန့်ဝင်းက ၂ဝ၂ဝ ပါတီ အောင်နိုင်ရေးလုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် အစီအစဉ်အရ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ဌေး ကလည်း တွေ့ကြုံခဲ့ရသော အခက် အခဲများကို သင်ခန်းစာ ရယူပြီး ကျေးရွာတစ်ရွာချင်း အောင်နိုင် ရေးလုပ်ငန်းများကို ဆောင်ရွက် ကြရန်နှင့် ပြည်သူများအတွက် လက်တွေ့ဘဝတွင်လည်း အကူ အညီပေးစည်းရုံးကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

အစီအစဉ်အရ တက်ရောက် လာသော ရပ်ကွက်ကျေးရွာ စည်း ရုံးရေးဥက္ကဋ္ဌများက မိမိတို့ ရပ်ရွာ ဒေသ အခြေအနေများကို တင်ပြ ကြရာ ညောင်လှကျေးရွာ ဥက္ကဋ္ဌ ဦးချစ်မောင်၊ ကန်ပေါက်ကျေးရွာ ဦးအောင်ချိုမင်း၊ မီးလောင်ဖျား ကျေးရွာအရန်ကော်မတီဝင်ဦးဝင်း အေး၊ အောင်သာကျေးရွာ ဦးသိန်း ဌေးတို့ကဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ ရပ်ကွက် ကျေး ရွာများက တက်ရောက်လာသော ဥက္ကဋ္ဌများ၏ ဆွေးနွေးမှုများကို ခရိုင်နယ်မြေ တာဝန်ခံဦးသန်းဌေး ကလည်းကောင်း၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးအောင်ဌေးကလည်း ကောင်း ရှင်းလင်းပြောကြားပေးခဲ့ ကြောင်း သိရသည်။

ကျော်ဌေး(ညောင်ဦး)