လိဒ်ယူနိုက်တက် ဖောင်ဒေးရှင်း လူငယ်ဘောလုံး လေ့ကျင့်ရေးအစီအစဉ်သို့ မြန်မာလူငယ် ကစားသမားများ လေ့လာသင်ယူ

Photo; MFF

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်နှင့် လိဒ်ယူနိုက်တက် အသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ဘောလုံး လေ့ကျင့်သင်ကြားရေး အစီအစဉ် The Leeds United Foundation Kids Football Clinic ကို ယနေ့မနက် (၈း၀၀) နာရီက မြန်မာအမျိုးသား ဘောလုံးအကယ်ဒမီတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဗြိတိန်သံအမတ် အင်ဒရူးပက်ထရစ်၊ လိဒ်ယူနိုက်တက်အသင်းပိုင်ရှင် ရာဒရစ်ဇာနီနှင့် ကစားသမားများ တက်ရောက်ခဲ့ပြီး လိဒ်အသင်း နည်းပြများနှင့် ကစားသမားများက မြန်မာ ကစားသမား ၂၅၀ အား အခြေခံဘောလုံးပညာများ မျှဝေသင်ကြားပေးခဲ့ကြသည်။

အခမ်းအနားတွင် MFF ဥက္ကဋ္ဌ၊ ဗြိတိန်သံအမတ်၊ လိဒ်အသင်းပိုင်ရှင်တို့က မြန်မာကလေးငယ် ၂၅၀ အား တစ်ဦးချင်း လိုက်လံနှုတ်ဆက်ခဲ့ပြီး ကလေးငယ်များနှင့် အတူတကွ ပျော်ရွှင်စွာ Football Clinic အစီအစဉ်တွင် ပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။

Crd; akonthi