ခြေစမ်းပွဲများ ယှဉ်ပြိုင်မည့် လိဒ်ယူနိုက်တက်အသင်း ရောက်ရှိ

Photo- MFF

 

မြန်မာနေရှင်နယ်လိဂ် ညွန့်ပေါင်းအသင်း၊ မြန်မာ့လက်ရွေးစင်အသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမယ့် အင်္ဂလန်ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်အသင်းဟာ မနေ့ညနေ ၅ နာရီခွဲလောက်က ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာခဲ့ပါတယ်။

AYA Bank Tour 2018 အဖြစ် ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ အင်္ဂလန်ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက် အသင်းက ခြေစမ်းပွဲတွေ လာရောက်ကစားတာလည်း ဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်အသင်းဟာ မေလ ၉  ရက်နေ့ ညနေ ၆ နာရီ သုဝဏ္ဏဘောလုံးကွင်းမှာ မြန်မာနေရှင်နယ်လိဂ် ညွန့်ပေါင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး မန္တလေးမြို့ မန္တလာသီရိကွင်းမှာ မေလ ၁၁ ရက်နေ့ ညနေ ၆ နာရီ အချိန်မှာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

ပွဲဝင်ကြေးတွေအဖြစ် ၂၀၀၀၊ ၃၀၀၀၊ ၄၀၀၀ သတ်မှတ်ထားပြီး ပြိုင်ပွဲမတိုင်ခင် တပတ်အလိုလောက်ကတည်းက လက်မှတ်တွေ ကြိုတင်ရောင်းချထားတယ်လို့ သိရပါတယ်။

(DVB)