တစ်နေ့ကို ကြက်ဥ ၂ လုံးစားခြင်းဖြင့် ခန္ဒာကိုယ် အစိတ်အပိုင်းတွေ ဘယ်လိုပြောင်းလဲလာမလဲ –

(1)ဦးနှောက်စွမ်းရည်တိုးတက်ခြင်း

ဦးနှောက်ဆဲလ်များကို ဆက်သွယ်စေသော ဖော်စဖိုလစ်ပစ်ခေါ်အဆီများတွင် Choline ဓာတ်ပါဝင်ပါတယ်။ ကြက်ဥမှာ ထိုCholineဓာတ်ပေါများစွာပါရှိပါတယ်။ ထိုဓာတ်နည်းပါးပါက မှတ်ဥာဏ် လျော့နည်းလာစေပါတယ်။

(2)အမြင်အာရုံကောင်းစေခြင်း

ကြက်ဥတွင်ပါဝင်သော Luteinဓာတ်က အမြင်အာရုံကို ကောင်းမွန်စေလို့ နေ့စဉ်ကြက်ဥပုံမှန်စားပါက မျက်စိ ဝေဒနာများ လျော့ပါးလာမှာပါ။

(3)အရိုးများအတွက်အာဟာရ

ကြက်ဥသည် ငါးကြီးဆီကဲ့သို့. Vitamin Dပြည့်ဝစွာပါဝင်ပါတယ်။ အရိုးမှ ကယ်ဆီယမ်စုပ်ယူမှုကို အားကောင်းစေ ပါတယ်။

(4)နှလုံးရောဂါကာကွယ်ခြင်း

သုတေသနများအရ ကြက်ဥတွင်ပါဝင်သောကိုလက်စထရောသည် ခန္ဒာကိုယ်က ကိုလက်စထရောထုတ်ခြင်းကို တားမြစ်ပါတယ်။ထို့အပြင် Omega3အက်ဆစ်ပါလို့ မကောငိးတဲ့ အဆီများကို ကျစေပါတယ်။ နှလူံးသွေးကြောကျဉ်း ရောဂါများကို ကာကွယ်ပေးပါတယ်။

(6)၀ိတ်ကျစေခြင်း

ကြက်ဥကို ကယ်လိုရီနည်းသော dietဖြင့် တွဲကမနက်စာစားသုံးခြင်းဖြင့် ၀ိတ်ကျခြင်းကို၂ဆမြန်စေကြောင်း
သိပ္ပံပညာရှင်များကဆိုပါတယ်။

(7)ကင်ဆာရောဂါကာကွယ်ခြင်း

ကြက်ဥမှာပါသော Cholineက ကင်ဆာရောဂါများကိုကာကွယ်ပေးပါတယ်။နေ့စဉ်စားပါက အမျိုးသမီး ရင်သား ကင်ဆာဖြစ်ခြင်းကို 18ရာခိုင်နှုန်းနည်းပါးစေပါတယ်။

(8)ကိုယ်ဝန်ဆောင်မိခင်များအတွက် ဆေးတလက်

ကြကိဥမှာပါသော vitamin B9 က သန္ဒေသားရဲ့ ကျောရိုးမကိုအားကောင်းစေတဲ့အပြင် ကလေးဥာဏ်ရည် နိမ့်ခြင်းကို ကာကွယ်ပါတယ်။folic acid ပါဝင်လို့ သန္ဒေသား အာခေါင်ကွဲ နှုတ်ခမ်းကွဲ မွေးခြင်းနည်းပါးစေပါတယ်။

(9)အိုမင်းရင့်ရော်ခြင်းကိုလျော့စေခြင်း

အသက် ၃၅နှစ်မှ၄၀ အမျိုးသမီးများ နေ့စဉ်ကြက်ဥစားပါက မျက်နှာအရေးအကြောင်းဖြစ်ခြင်းနှင့် အစက်အပျောက်များကို 87ရာနှုန်းသက်သာစေပါတယ။် အမျိုးသားများတွင်လဲ အလားတူ အစွမ်းသက်ရောက်ပါတယ်။