မက်ဒရစ်အိုးပင်းပြိုင်ပွဲက နေနုတ်ထွက်ခဲ့တဲ့ ဆရီနာဝီလျံ

ကမ္ဘာ့နံပါတ်(၁)တင်းနစ်ချန်ပီယံဟောင်း ဆရီနာဝီလျံဟာ ကြံ့ခိုင်မှု ပြဿနာတွေကြောင့် လာမယ့်တစ်ပတ်အတွင်း ယှဉ်ပြိုင်ကစားမယ့် မက်ဒရစ်အိုးပင်းပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ပါတယ်။

ဂရန်းစလန်းချန်ပီယံဆု (၂၃)ကြိမ်ရယူထားနိုင်တဲ့ ဆရီနာဝီလျံဟာ မတ်လတွင်းက မီယာမီအိုးပင်း ပြိုင်ပွဲမှာ နာအိုမီအော်စကာကို ပထမအဆင့်မှာရှုံးနိမ့်ခဲ့ပြီး ပွဲစဉ် (၄)ပွဲ ပါဝင် ကစားခဲ့ပါသေးတယ်။

“ ဆရီနာဝီလျံ မပါဝင်နိုင်ခြင်းက အားလုံးအတွက် စိတ်မကောင်းစရာပါ။ ” လို့ မာနိုလိုဆန်တာနာ ကပြောပါတယ်။ မာနိုလိုဆန်တာနာ ဟာ မက်ဒရစ်အိုးပင်းပြိုင်ပွဲမှာ (၂)ကြိမ် ဗိုလ်စွဲဖူးသူလည်း ဖြစ်ပါတယ်။

“ တင်းနစ်လောကမှာ ဆရီနာဝီလျံက အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ သူက အမြဲတမ်း ပြိုင်ပွဲမှာ တစ်ခုခု လုပ်ပြလေ့ရှိပါတယ်။ သူ့ကို မကြာခင် Caja Magica မှာ နောက်တစ်ကြိမ် ထပ်တွေ့ဖို့ မျှော်လင့်ပါတယ်။ ”လို့ ၄င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

ဆီရီနာဝီလျံကတော့ လက်ရှိချိန်မှာ ကမ္ဘာ့အဆင့် (၁) နေရာ ပြန်လည်ရရှိဖို့ ပြင်ဆင်နေပြီး ပြိုင်ပွဲတွေ ယှဉ်ပြိုင် ကစားနေတာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ပြိုင်ပွဲတွေ ရပ်နားခဲ့တဲ့ ဆရီနာဝီလျံက ကိုယ်ဝန် ဆောင်ခြင်းဟာ ဒဏ်ရာရခြင်းမဟုတ်ကြောင်း မကြာသေးခင်က မီဒီယာတွေမှတစ်ဆင့် ပြောကြားခဲ့ပါတယ်။

 

Ref : Fox Sport Asia