လူမည်းစားသုံးသူကို ငွေကြိုတောင်းခဲ့တဲ့ စားသောက်ဆိုင် ဒဏ်ရိုက်ခံရ

လူဖြူလူမည်းခွဲခြားဆက်ဆံခဲ့တဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ကနေဒါ လူအခွင့်ရေးခုံရုံးက ဒဏ်ရိုက်ခဲ့တယ် လို့သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကနေဒါနိုင်ငံ တိုရန်တိုမြို့  Chinatown မှာရှိတဲ့ Hong Shing တရုတ်စားသောက်ဆိုင်တစ်ဆိုင်ကို ကနေဒါသုံး ငွေ၁၀၀၀၀ (ဒေါ်လာ ၈၀၀၀) ဒဏ်ငွေချမှတ်ခဲ့ပါတယ်။

အဲဒီဒဏ်ငွေကို အွန်တရီယို လူ့အခွင့်ရေးခုံရုံးသို့ တိုင်ကြားခဲ့တဲ့ စားသုံးသူ လူမည်းအမျိုးသား အီမလီဝစ်ဟမ် ကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။ မစ္စတာ ၀စ်ဟမ် ဟာ၂၀၁၄ ခုနှစ်က အဲဒီဆိုင်မှာ သူ့ရဲ့လူမည်း သူငယ်ချင်း သုံးဦးနဲ့အတူ မွေးနေ့ပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သူနဲ့သူငယ်ချင်းတွေဟာ စားသောက်ဆိုင်မှာ ၀င်ထိုင်လိုက်တယ်ဆိုရင်ပဲ စားပွဲထိုးလေးက ရောက်လာပြီးတော့ ဘာမှမစားသုံးခင် ငွေကြိုပေးရတဲ့ ထုံးစံရှိကြောင်းပြောခဲ့ပါတယ်။ ဒီအတွက် သူတို့ဟာ မစားခင်ငွေကြိုပေးခဲ့ ပေမယ့် စိတ်ထဲမသင်္ကာတာကြောင့် တခြားစားသုံးသူတွေလည်း ဒီလိုငွေကြိုပေးရခြင်း ရှိမရှိ မေးမြန်းခဲ့ပါတယ်။ သူတို့ကျတော့ငွေကြိုပေးရခြင်း မရှိပါဘူး။ မစ္စတာဝစ်ဟမ်ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး စားပွဲထိုးကို မကျေမနပ် ပြောဆိုခဲ့ပြီး ပြန်အမ်းငွေကိုယူကာ ဆိုင်ကပြန်ထွက်သွားခဲ့ပါတယ်။ ထိုကိစ္စဖြစ်ပြီး မကြာခင်မှာပဲ မစ္စတာ ၀စ်ဟမ်ဟာ လူ့အခွင့်ရေး ခုံရုံးကို တိုင်ကြားခဲ့ပါတယ်။

စားသောက်ဆိုင်ရဲ့ပြောကြားချက်အရ စားသုံးသူတွေ စားပြီးထွက်ပြေးသွားမှာ စိုးတဲ့အတွက် ပုံမှန်စားသုံးနေကျ စားသုံးသူမဟုတ်ပါက ကြိုတင်ငွေပေးတဲ့စနစ်ကို အကောင်ထည်ဖော်ေ နတာဖြစ်တယ်လို့သိရပါတယ်။ ဒါပေမဲ့ တခြားစားသုံးသူတွေကို ငွေကြိုတောင်းကြောင်း ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိဘူးလို့ စုံစမ်း စစ်ဆေးသူ Esi Codjoe က ပြောပါတယ်။ မစ္စတာဝစ်ဟမ်ဟာ လူမည်းဖြစ်နေတာကြောင့် သူခိုးကို စောင့်ကြည့်နေ သလို ဆက်ဆံခံရတယ်လို့လည်း သူက ပြောခဲ့ပါတယ်။

လူမည်း စားသုံးသူတွေအပေါ် ၀န်ဆောင်မှုလုပ်ငန်းတွေရဲ့  ပြုမူဆက်ဆံပုံတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အလေးထားအာရုံစိုက်မှုတွေရှိနေစဉ် လူ့ အခွင့်အရေးရုံးရဲ့  ပြစ်ဒဏ်စီရင်မှု လုပ်ခဲ့တြာ ဖစ်ပါတယ်။

Ref: BBC