ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအကြိုလူငယ်တွေ့ဆုံပွဲ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲနှင့် ကွန်ပျူတာသင်တန်းဆင်းပွဲ

 

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီက လူငယ်ညီလာခံအကြိုလူငယ်တွေ့ဆုံပွဲ၊ ရပ်ကျေးပါတီဥက္ကဋ္ဌတာဝန်ပေး အပ်ပွဲနှင့် ကွန်ပျူတာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ (28 . 4 . 2018) နေ့နံက် (၉း၃၀) နာရီတွင် ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ နာယကများ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ ပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်လူငယ်ကိုယ်စားလှယ်များ အင်အား (၂၃၀) ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားကိုနံနက် (၉း၃၀) နာရီအချိန်တွင် စတင်ခဲ့ရာ သဘာပတိအဖွဲ့မှ နေရာယူကြပြီး အခမ်းအနားအစီအစဉ်အရ အခမ်းအနားသို့ တက်ရောက်လာကြသူအားလုံးမှ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆိုခြင်း၊ သဘာပတိက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆိပ်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှ ဦးလှဆောင်မှ လူငယ်တွေ့ ဆုံပွဲအခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသော လူငယ်များကိုယ်စား လူငယ် (၄) ဦးမှ အဆိုများတင်သွင်း၊ သဘာပတိမှ မှတ်တမ်းတင်းခြင်းများပြုလုပ်ပြီး အခမ်းအနားကို ပထမပိုင်း ရပ်နားခဲ့ပါသည်။
ထို့နောက်ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ တိုင်းပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌမှ ရပ်/ကျေးပါတီဥက္ကဋ္ဌတာဝန်အသိအမှတ်ပြုခန့်အပ်လွှာပေးအပ်ခြင်း၊ ရပ်/ကျေးရွာဥက္ကဋ္ဌတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
ထို့နောက်ရှေ့ဆောင်စွမ်းအားကွန်ပျူသင်တန်းဆင်းပွဲကို ကျင်းပရာ အတွင်းရေးမှူး ဦးလေးမောင်မှ သင်တန်းဆင်းလက်မှတ်ကို ပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးမှ လက်ခံရရှိပါသည်။
ထိုနောက်သင်တန်းသားများကိုယ်စား သင်တန်သူတစ်ဦးမှ ကျေးဇူတင်စကားပြောကြားခြင်း၊ သဘာပတိမှ နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနားကို ကြွေးကြော်သံများဖြင့် ကြွေးကြော်ကာ အခမ်းအနားကို နေ့လည် ၁၁ နာရီခွဲတွင် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။