အောင်​​မြေသာစံပြည်​ခိုင်​ဖြိုး လူငယ်​ညီလာခံအကြိုလူငယ်​​တွေဆုံပွဲကျင်းပ

 

(၂၅-၄-၂၀၁၈) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ​အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ လူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲအခမ်းအနားပြုလုပ်ခဲ့ရာ မန္တ​လေးတိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်၊ ဦးအောင်နိုင်ဦး၊ ဦးကျော်စန်း၊ မန္တလေးခရိုင်ပါတီဥက္ကဌ ဦးဘိုသင်း၊ အတွင်းရေးမှူးဒေါ်ဝါဝါလှိုင်နှင့်ခရိုင်ကော်မတီဝင်များ၊ အောင်မြေသာစံမြို့နယ်ပါတီဥက္ကဌ ဦးကိုကိုလေး၊ အတွင်းရေးမှူး ဦးညီညီမင်းနှင့်ကော်မတီဝင်များ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်အသီးသီးမှ လူငယ်အင်အား (၂၀၀) ဦး စုစုပေါင်းအင်အား (၂၃၀)ဦးတက်ရောက်ခဲ့ပါသည်။
အခမ်းအနားကို တက်ရောက်လာသူများမှနိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပါတီဥက္ကဌ ဦးကိုကိုလေးကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ပါတီကော်မတီဝင် လူငယ်ရေးရာကဏ္ဍတာဝန်ခံ ဦးစိုင်းလွင်ဦးက လူငယ်တွေ့ဆုံပွဲကျင်းပမည့်အစီအစဉ်များအားရှင်းလင်းတင်ပြခဲ့ပါသည်။
၎င်းနောက်အခမ်းအနား အစီအစဉ်များအရ တက်ရောက်လာသည့်လူငယ် များမှ အစုအဖွဲ့ (၂) ဖွဲ့ခွဲ၍ နိုင်ငံရေး၊ စည်းရုံးရေးခေါင်းစဉ်များဖြင့်ဆွေးနွေးခြင်း တွေ့ရှိချက်များအား မှတ်တမ်းတင်ခြင်း စာတမ်းပြုစုခြင်းများဆောင်ရွက်​ခဲ့ကြပြီး လူငယ်လှုပ်ရှားမှု အဖွဲ့ (၇) ဖွဲ့အတွက် တက်ရောက်လာသည့်လူငယ်အဖွဲ့ဝင်များကဆန္ဒမဲပေးရွေးချယ်ခြင်းနှင့်​ တိုင်းဒေသကြီးလူငယ်နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခွင့်ရရှိသည့် လူငယ်အဖွဲ့ဝင်များအမည်စာရင်းအား ဖတ်ကြားကြေငြာခြင်းတို့အားဆောင်ရွက်ခဲ့ကြပါသည်။
#ပြည်​ခိုင်​ဖြိုး
#မန္တ​လေးတိုင်း​ဒေသကြီး