ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လတ်တလောဖြစ်ပေါ်နေသည့်ကိစ္စရပ်များနှင့်ပတ်က်၍သတင်းစာရှင်းလင်းပွဲပြုလုပ်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လက်တလောဖြစ်ပျက်နေသည့် လစာတိုးမြှင့်ခြင်းကိစ္စ၊ NVC ကတ်ကိစ္စနှင့် ငြိမ်းစုစီအရေးကိစ္စရပ်များနှင့်ပတ်သက်၍ သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲအခမ်းအနားအား ရန်ကုန်မြို့ရှိ ပါတီရုံးတွင် ယနေ့နံနက် ၉နာရီ ၃၀ မိနစ်အချိန် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ဗဟိုအလုပ်မှုဆောင် ဦးလှသိန်း၊ ဒေါက်တာပွင့်ဆန်း ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်နှင့် ဦးသိန်းထွန်းဦးတို့် တက်ရောက်ခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲသို့ သတင်းယူလာကြသော မီဒီယာသမား ၃၄ ဦးမှ လတ်တလောဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့် မိမိတို့ သိရှိလိုသည်များအား မေးခွန်းများ မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ ပါတီတာဝန်ရှိသူများမှ အသေးစိတ်ပြန်လည်ဖြေဆိုခဲ့ကြသည်။

ပြည်သူ့ဆက်ဆံရေး