လူငယ်​ညီလာခံအကြို မြို့နယ်​အဆင့်​ လူငယ်​​တွေ့ဆုံပွဲသို့ ဗဟိုအလုပ်​အမှု​ဆောင်​ ပြည်​နယ်​ပါတီဥက္ကဌ တက်​​ရောက်​ချီးမြှင့်​ ဂုဏ်​ပြု အမှာစကား​ပြောကြား

 

မြစ်​ကြီးနားမြို့နယ် ​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ၊ လူငယ်​ညီလာခံအကြို မြို့နယ်​အဆင့်​ လူငယ်​​တွေ့ဆုံပွဲကို (၂၀-၄-၂၀၁၈) ရက်​​နေ့၊ နံနက်​ (၉) နာရီက မြို့နယ်​ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်​ခဲ့ပါသည်​။
တွေ့ဆုံ ပွဲတွင်​ နိုင်​ငံ​တော်​အလံအားအ​လေးပြု ခြင်း၊ နိုင်​ငံ​တော်​သီချင်း သီဆိုခြင်းတို့အား ​ဆောင်​ရွက်​ပြီး ပါတီဗဟိုအလုပ်​အမှု​ဆောင်​ ၊ ကချင်ပြည်​နယ်​ပါတီဥက္ကဌ ဦးရားဝမ်​ဂျူံ က ဂုဏ်​ပြု အမှာစကား​ပြောကြားပါသည်​။
ထို​နောက်​ မြို့နယ်​ပါတီဥက္ကဌ ဦးညွန့်​ဝင်းက ​တွေ့ဆုံပွဲ ​ဆောင်​ရွက်​သွားမည့်​ အစီအစဉ်​အား ရှင်းလင်းတင်​ပြကာ ​တွေ့ဆုံပွဲ ပထမပိုင်းအစီအစဉ်​အား ပြီး​မြောက်​ခဲ့ပါသည်​။
ဆက်​လက်​၍ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ ဦး​ဆောင်​လျှက်​ အစုအဖွဲ့ (၇) ဖွဲ့ ဖြင့်​ သက်​ဆိုင်​ရာ ​ခေါင်းစဉ်​အလိုက်​ ​ဆွေး​နွေးကြပြီး အစုအဖွဲ့ ​ဆွေး​နွေးပွဲ ​တွေ့ရှိချက်​စာတမ်းအား တင်​သွင်းကာ အစုအဖွဲ့ အလိုက်​ လူငယ်​ကိုယ်​စားလှယ်​များအား ​ရွေးချယ်​အတည်​ပြု ခဲ့ကြပါသည်​။
ထို​နောက် ​​နေ့လည်​ (၁၁) နာရီတွင်​ ​တွေ့ဆုံပွဲ စတုတ္ထပိုင်းအစီအစဉ်​အား ဆက်​လက်​​ဆောင်​ရွက်​ကာ အစုအဖွဲ့ အလိုက်​ ​တွေ့ရှိချက်​စာတမ်းများအ​ပေါ် မြို့နယ်​ပါတီဥက္ကဌက ​ရှေ့လုပ်​ငန်းစဉ်​များချမှတ်​ အတည်​ပြု နိုင်​ခဲ့ကြပါသည်​။
ထို​နောက်​ အ​ရွေးချယ်​ခံ လူငယ်​ကိုယ်​စားလှယ်​ (၇) ဦးအား မိတ်​ဆက်​ကာ မြို့နယ်​ပါတီဥက္ကဌ ဦးညွန့်​ဝင်းက နိဂုံးချုပ်​စကား​ပြောကြားပြီး ​တွေ့ဆုံပွဲ အစီအစဉ်​အား လူငယ်​များက လူငယ်​သီချင်းသီဆို၍ ​တွေ့ဆုံပွဲအစီအစဉ်​အား ​နေ့လည်​ (၁၁း၄၀) နာရီခန့်​တွင်​ ​အောင်​မြင်​စွာ ပြီး​မြောက်​ခဲ့ပါသည်​။
တွေ့ဆုံပွဲသို့ ဗဟိုအလုပ်​အမှု​ဆောင်​ပြည်​နယ်​ပါတီဥက္ကဌ ဦးရားဝမ်​ဂျူံ ၊ပြည်​နယ်​​ကော်​မတီဝင်​များ ၊ခရိုင်​ပါတီဥက္ကဌနှင့်​ ​ကော်​မတီဝင်​များ၊ မြို့မိမြို့ဖများ၊ မြို့နယ်​​ကော်​မတီဝင်​များ၊ ရပ်​ကွက်​​ကျေးရွာပါတီဥက္ကဌများ၊ လူငယ်​ကိုယ်​စား လှယ်​များ စုစု​ပေါင်း (၂၂၈) ဦး တက်​​ရောက်​ခဲ့ကြ​ကြောင်းသတင်းရရှိပါသည်။