ရေစကြိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအကြိုတွေ့ဆုံပွဲကျင်းပ
မကွေးတိုင်းဒေသကြီး ရေစကြို မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံ အကြိုလူငယ်တွေ့ဆုံပွဲအခမ်းအနား ကို ယနေ့နံနက်တွင် ရေစကြို မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပခဲ့ ကြောင်း သိရသည်။
အခမ်းအနားသို့ ပခုက္ကူခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်း၊ အတွင်းရေးမှူး ဦးမြင့်နိုင်၊ မြိုင်၊ ပေါက်မြို့နယ်များမှ ပါတီဥက္ကဋ္ဌ များ၊ ရေစကြိုမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသိန်းလွင်နှင့် ကော် မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်စု ၈၉ အုပ်စုမှ ပါတီဥက္ကဋ္ဌ များနှင့် လူငယ်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများတက်ရောက် ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ် ပြီးနောက် သဘာပတိအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး မြို့နယ် ဥက္ကဋ္ဌဦးသိန်းလွင်က လူ ငယ်ညီလာခံအကြို လူငယ်တွေ့ ဆုံပွဲကျင်းပရခြင်း ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်လှုပ်ရှားမှု နိုင်ငံရေးအဖွဲ့၊ စည်းရုံးရေးအဖွဲ့၊ လူမှုရေးအဖွဲ့၊ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့၊ ပူးပေါင်းလှုပ်ရှားရေးအဖွဲ့၊ ပညာရပ်ဆိုင်ရာအဖွဲ့၊ သတင်းနှင့် မီဒီယာအဖွဲ့တို့မှ ကိုယ်စားပြု လူ ငယ်ခုနစ်ဦးက အဆိုများတင်သွင်း ကြပြီးသဘာပတိကမှတ်တမ်းတင် ၍ မြို့နယ်ဥက္ကဋ္ဌ ဦးသိန်းလွင်က နိဂုံးချုပ်စကားပြောကြားသည်။
၂ဝ၁၈ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ် ညီလာခံအကြို လူငယ်တွေ့ဆုံပွဲ အခမ်းအနားကို ကြေွးကြော်သံများ ကြေွးကြော်၍ အောင်မြင်စွာ ပြီး မြောက်ကြောင်း သိရသည်။
ဖေထွဏ်းဇော်(ရေစကြို)