ဆိပ်ကြီးခနောင်တိုမြို့နယ် မြို့နယ်ပါတီရုံး၌ လူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တောင်ပိုင်းခရိုင် ဆိပ်ကြီးခနောင်တိုမြို့နယ် မြို့နယ်ပါတီရုံး၌ လူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲအား ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့ကြသည် အစီအစဉ်အရ ခရိုင်အတွင်းရေးမှူး ဦးအောင်ကျော်မင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပါတီဥက္ကဌ ဒေါ်ယဉ်ယဉ်ထွေးမှ လူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသော လူငယ်ကိုယ်စားလှယ်နှစ်ဦးမှ နိုင်ငံရေးကဏ္ဍ စည်းရုံးရေးကဏ္ဍ စာတမ်းများအား အသီးသီး ဖတ်ကြားတင်ပြခဲ့ကြသည်
ထို့နောက် တက်ရောက်လာသော လူငယ်ကိုယ်စားများထဲမှ ဗဟိုလူငယ်ညီလာခံတက်ရောက်ရန်နှင့် တိုင်လူငယ်ညီလာခံတက်ရောက်ရန်အတွက် လူငယ်ကိုယ်စားလှယ် (၇)ဦးအား တက်ရောက်လာသော ကိုယ်စားလှယ်များ၏ သဘောတူညီချက်အရ ရွေးချယ်ခဲ့ကြပြီး မှတ်တမ်းတင်ခဲ့ကြသည်။
ထို့နောက် ပြည်ခိုင်ဖြိုးလူငယ်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး လူငယ်ညီလာခံအကြို လူငယ် တွေ့ဆုံပွဲအား ရုပ်သိမ်းခဲ့ကြသည်။
၎င်းတွေ့ဆုံပွဲအခမ်းအနားသို့ ခရိုင်အတွင်းရေးမှူး ဦးအောင်ကျော်မင်း ခရိုင်ကော်မတီဝင် ဒေါ်အေးအေးမြင့် မြို့နယ်ကော်မတီများ ရပ်ကျေးကော်မတီများ လူငယ်ကိုယ်စားများ စုစုပေါင်း အင်အား (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်
#WMO