လက်ဝှေ့ကျော် မေဝဲသာနှင့် ကော်နာမက်ဂရီဂေါ် ထပ်မံထိုးသတ်ရန် ပြင်ဆင်

နာမည်ကြီး လက်ဝှေ့အကျော်အမော် မေဝဲသာဟာ ယူအက်ဖ်စီ နာမည်ကျော် ကော်နာမက်ဂရီဂေါ်နဲ့ သံဆန်ခါပတ်လည်ကွင်းမှာ ထပ်မံထိုးသတ်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

ထိုးသတ်ကြေး အမေရိကန်ဒေါ်လာ သန်း ၃၀၀ တန်ကြေးရှိတဲ့ ပွဲအတွက် မေဝဲသာဟာ ကြိုတင်လေ့ကျင့်နေသလို ထိုးသတ်ဖြစ်ဖို့လည်း အတည်ပြုထားခဲ့ပါတယ်။

ပထမတကြိမ် လက်ဝှေ့ကြိုးဝိုင်းမှာ ရှုံးနိမ့်ထားခဲ့တဲ့ မက်ဂရီဂေါ်ဟာ သံဆန်ခါထိုးသတ်ကွင်းထဲမှာတော့ အနိုင်ပြန်ရဖို့ စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။

လတ်တလော ဒုစရိုက်ဆန်တဲ့ လုပ်ရပ်တွေကြောင့် အမှုတွေ ရင်ဆိုင်နေရတဲ့ မက်ဂရီဂေါ်ဟာ ယူအက်ဖ်စီအတွက် စိတ်ရှုပ်ထွေးစရာ ထိုးသတ်သမား ဖြစ်လာပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်ကတော့ ၂၄ ပွဲ ထိုးသတ်ရာမှာ ၂၁ ပွဲနိုင်၊ ၃ ပွဲရှုံးနဲ့ အလဲထိုးပွဲကတော့ ၁၈ ပွဲအထိ ရှိပါတယ်။

သူထိုးသတ်မယ့် မေဝဲသာကတော့ လက်ဝှေ့လောကမှာ ပွဲ ၅၀ လုံး အနိုင်ရရှိထားပြီး ရှုံးပွဲလုံးဝမရှိသေးတဲ့ ဝိတ်တန်း ၅ တန်း ရွှေခါးပတ်ချန်ပီယံ ဖြစ်ပါတယ်။

-Ref; Sky sports