မိမိအားကွင်းအတွင်းမှ ထုတ်ပယ်ခဲ့သည့် ကွင်းလယ်ဒိုင်ကို ဂွာဒီယိုလာ ဝေဖန်

မန်စီးတီးနည်းပြ ဂွာဒီယိုလာက လီဗာပူးကို အိမ်ကွင်းရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွင် ကိုင်တွယ်ခဲ့သည့်ကွင်းလယ်ဒိုင် မာတီယူလာဟော့ဇ်ကို ဝေဖန်လိုက်သည်။

အဆိုပါပွဲစဉ်တွင် ဂွာဒီယိုလာက ဆာနေး၏သွင်းဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ကွင်းလယ်ဒိုင်ကို စောဒကတက်ခဲ့ရာတွင် ကွင်းအတွင်းမှ ထုတ်ပယ်ခံခဲ့ရသည်။ မိမိအားကွင်းအတွင်းမှ ထုတ်ပယ်ခဲ့သည့် ကွင်းလယ်ဒိုင်မှာ ပြီးခဲ့ရာသီမိုနာကို နှင့်တွေ့ဆုံခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင်လည်း ရသင့်သည့် ပင်နယ်တီကို ငြင်းပယ်ခဲ့ခြင်းကြောင့် ကွင်းလယ်ဒိုင်မာတီ ယူလာဟော့ဇ်အကောင်းကို သိရှိထားပြီးဖြစ်သည်ဟု လည်း ဆိုခဲ့သည်။

ဂွာဒီယိုလာက “ကျွန်ေတာ်ဆာနေးရဲ့သွင်းဂိုးက ဂိုးအဖြစ်သတ်မှတ်သင့်တယ်လို့သူ့ကို ကျွန်တော်ပြောခဲ့တယ်။ သူ့ကိုလည်း မစော်ကားခဲ့ဘူး။ ယဉ်ယဉ်ကျေးကျေးပဲပြောခဲ့တယ်။ မှန်တာကိုပြဲေ ပာခဲ့တယ်။

ဒါပေမယ့် လာဟော့ဇ်က ထူးခြားတဲ့လူတစ်ယောက်ပါ။ သူများနဲ့ ကွဲလွဲတာတွေကို လုပ်ရတာကို နှစ်သက်သူ တစ်ယောက်ပါ။ ဒီနည်းနဲ့ အထူးစပါယ်ရှယ်ဖြစ်ချင်သူ တစ်ယောက်ပါ။ သူ့အကြောင်းကိုပြီးခဲ့တဲ့ ရာသီကမိုနာကိုနဲ့ ပွဲစဉ်မှာကတည်းက သိပြီးသားပါ။ ပွဲရလဒ်က ၁-၁ ဖြစ်နေချိန်မှာ အဂွေရိုပင်နယ်တီရသင့်တဲ့ အခွင့်အရေးနဲ့ ကြုံခဲ့တယ်။ ဒီပင်နယ်တီကို အားလုံးကလည်းမြင်တယ်။

ဒါပေမယ့် အားလုံးမြင်တဲ့အရာနဲ့ ဆန့်ကျင်ဘက်လုပ်ရတာကို သူက နှစ်သက်တဲ့ အထူးစပါရှယ်တစ်ယောက်ပါ။ ကျွန်တော်သူ့ကို ဘာအမှားအယွင်းမှ မပြောခဲ့ဘူး” ဟုပြောသွားခဲ့သည်။

 

-Ref; Sky sports