ဖယ်လိုင်နီကို ခေါ်ယူလိုသည့် အသင်းများထဲ လီဗာပူး ပါဝင်လာ

မန်ယူ ကွင်းလယ်ကစားသမား ဖယ်လိုင်နီကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ လီဗာပူးအသင်းလည်း ပါဝင် လာပါတယ်။

ဖယ်လိုင်နီဟာ အခုနှစ်ရာသီအကုန်မှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့် ရှိနေတာပါ။

ပြင်သစ် သတင်းစာတစောင်ရဲ့ အဆိုအရ ဖယ်လိုင်နီကို လီဗာပူးအသင်းက ၃ နှစ်စာချုပ် ချုပ်ဆိုပြီး ခေါ်ယူဖို့ ကမ်းလှမ်းမယ်လို့ ဆိုပါတယ်။

အသက် ၃၀ ရှိ ဘယ်လ်ဂျီယံလက်ရွေးစင် ဖယ်လိုင်နီကို တူရကီကလပ် ဘီဆစ်တပ်၊ ပြင်သစ်ကလပ် မိုနာကို၊ ပီအက်စ်ဂျီနဲ့ တရုတ်ကလပ်တွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ဖယ်လိုင်နီဟာ ၂၀၁၃ ခုနှစ်က အဲဗာတန်အသင်းကနေ ပေါင် ၂၇ ဒသမ ၅ သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး မန်ယူအသင်းနဲ့အတူ ၁၅၁ ပွဲမှာ ၁၈ ဂိုး သွင်းယူထားပါတယ်။

 

(DVB)