ကွမ်းခြံကုန်းပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေး စီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့်

 

ကွမ်းခြံကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းအမှတ်စဉ် (၂)ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပါတီရုံးတွင်ကျင်းပခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ပြီး တောင်ပိုင်းခရိုင်အတွင်းရေးမှူး ဦးအောင်ကျော်မင်းက အဖွင့်အမှာ စကား တက်ရောက်ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်လင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များနှင့် သင်တန်း စည်းကမ်းများကိုရှင်းလင်းပြောကြားပြီး သင်တန်းကိုစတင်ပို့ချခဲ့သည်။

အဆိုပါသင်တန်းတွင် ပါတီဖွဲ့စည်းပုံစည်းမျဉ်း၊လူထုအတွင်း ဟောပြောမှု၊နိုင်ငံတကာရေးရာ၊ နိုင်ငံတော်စီးပွားရေး၊စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု၊မီဒီယာ၊ပါတီအောင်နိုင်ရေးနှင့်ရှေ့လုပ်ငန်းစဉ်အစရှိ သော ဘာသာရပ်များပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလကို ယနေ့မှ ယခုလ ၁၁ရက်အထိဖြစ်ပြီး သင်တန်းသား ၅ဝ တက်ရောက်ခဲ့ ကြောင်း သိရသည်။

ဌေးလှိုင်(ကွမ်းခြံကုန်း)