ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဆိုပြုလွှာပေးအပ် ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌတာဝန်ပေးအပ်

 

ကရင်ပြည်နယ် ကြာအင်းဆိပ် ကြီးမြို့နယ် ဘုရားသုံးဆူမြို့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉နာရီ ၁၅မိနစ်က အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲနှင့် ရပ်/ကျေးပါတီ ဥက္ကဋ္ဌတာဝန်ပေး အပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားသို့ ဗဟိုအလုပ် အမှုဆောင်ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်၊ ပြည်နယ်အတွင်း ရေးမှူး ဦးစန်းကို၊ ပြည်နယ်ပါတီ ကော်မတီဝင်ဦးစောဝင်းထိန်၊ဦးစော ထူးကပေါ်၊ဦးစောမြဝင်း၊ဦးဝင်းတင့် နှင့် ကော့ကရိတ်ခရိုင်ပါတီဥက္ကဋ္ဌ နှင့်ကော်မတီဝင်များ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်/ ကျေးဥက္ကဋ္ဌနှင့်ပါတီဝင်အသစ်များ၊ ပါတီဝင်များတက်ရောက်ကြသည်။
အခမ်းအနားတွင် ဗဟိုအလုပ် အမှုဆောင်ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်ကအဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ပါတီအတွင်း ရေးမှူး ဦးစန်းကိုက ပါတီ၏ ယုံကြည်ချက်၊ ခံယူချက်များကို အကျယ်တဝင့်ပြောကြားသည်။

ဆက်လက်ပြီး ရပ်/ကျေးပါတီ ဥက္ကဋ္ဌများအား ဗဟိုအလုပ်အမှု ဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန်ဇော်ကခန့်အပ်လွှာများပေး အပ်ခြင်း၊ မြို့နယ်တာဝန်ခံ ဦးခိုင် ဝင်းက ကြာအင်းဆိပ်ကြီးမြို့နယ် ဥက္ကဋ္ဌ ဦးလှသောင်းအား အဆိုပြု လွှာ ၁၃၇ စောင်ကိုပေးအပ်ခြင်း၊ ပါတီဝင်များ၏ပါတီဝင်ကြေး ငွေ ကျပ် ၁၃၇ဝဝဝ ကို မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးလှသောင်းက ပေးအပ်ရာ ပြည်နယ်ပါတီကော်မတီဝင်ဦးစော ဝင်းထိန်က လက်ခံရယူခြင်းများ ဆောင်ရွက်ခဲ့သည်။

ရပ်မိရပ်ဖကိုယ်စား ဦးချစ်မှန် က ပါတီဝင်ရခြင်းအကြောင်း ရှင်း လင်းပြောကြားခဲ့ပြီး ပါတီဝင် အသစ်များအား ပါတီတံဆိပ်များ တပ်ဆင်ပေးခြင်းကို ဆောင်ရွက် ကာ အခမ်းအနားကို နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် ပြီးမြောက်ခဲ့ သည်။ အခမ်အနားသို့ အင်အား ၂၆ဝ တက်ရောက်ခဲ့သည်။

Union daily