မြောက်ကိုရီးယားမှာ နိုင်ငံခြားသားတွေပါတဲ့ မာရသွန်ပြိုင်ပွဲကျင်းပ

မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့မှာ နိုင်ငံခြားသား ၄၀၀ ကျော်ပါဝင်တဲ့ မာရသွန်အပြေးပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။

မြောင်ကိုရီးယား မာရသွန်အပြေးပြိုင်ပွဲဟာ မြောက်ကိုရီးယားရဲ့ ပထမဆုံးခေါင်းဆောင် ကင်အီဆွန်းကို အောက်မေ့ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပနေတာပါ။ အဲဒီ ပွဲကျင်းပချိန်မှာ မြောက်ကိုရီးယားကို လာရောက်သူ ခရီးသွားတွေ များပြားလေ့ရှိပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က နျူကလီးယားနဲ့ ဒုံးပျံစမ်းသပ်မှုတွေကြောင့် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး၊ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူတာတွေ၊ ခရီးသွားခွင့် ပိတ်ပင်တာတွေကြောင့် ဒီနှစ်ခရီးသွား အရေအတွက် တ၀က်လောက်ကျဆင်သွားခဲ့ပါတယ်။

တောင်ကိုရီးယားမှာကျင်းပခဲ့တဲ့ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအပြီး၊ မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား ဆက်ဆံရေးနွေထွေးလာရေးနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဖို့ သဘောတူညီထားပေမဲ့၊ မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုတွေ တည်ရှိနေဆဲ ဖြစ်ပါတယ်။

-Ref; RFA