မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီ လူငယ်များနှင့် ဗန်းမော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီလူငယ်များတွေ့ဆုံ

 

မန္တလေးတိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ တွင် လေ့လာရေးခရီးအဖြစ် လာ ရောက်ခဲ့သော ဗန်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်များသည် ယနေ့ နံနက် ၉ နာရီမှ ၁ဝ နာရီ အထိ မန္တလေးခရိုင်လူငယ်များနှင့် တွေ့ဆုံ၍ လူငယ်ရေးရာကိစ္စများ ကိုဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ဒေါ်သိင်္ဂီအောင်၊မန္တလေး ခရိုင်ပါတီကော်မတီဝင်များဖြစ် ကြသော ဦးတင်မြင့်၊ ဦးထွန်းထွန်း၊ မြို့နယ်လူငယ်တာဝန်ခံများ၊ ဗန်း မော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးစောမိုးကျော် ခေါင်းဆောင်သော မြို့နယ်အတွင်း မှ ပါတီဝင်လူငယ်များ၊ မန္တလေး ခရိုင်အတွင်းမှ ပါတီဝင်လူငယ်များ စုစုပေါင်းအင်အား ၁၅ဝ တက် ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်းမောင် က နှုတ်ခွန်းဆက်အမှာစကားပြော ကြားခဲ့ပြီးနောက် လူငယ်များ အချင်းချင်း အပြန်အလှန်မိတ်ဆက် ခဲ့ကြကာ မန္တလေးခရိုင် ပြည်ခိုင် ဖြိုးပါတီ ပြည်ကြီးတံခွန်မြို့နယ်မှ ဦးချမ်းပြည့်ဖြိုးနှင့် ဗန်းမော်မြို့ နယ်ပြည်ခိုင်ဖြိုးပါတီမှ ဦးဘရန် တောင်တို့က နယ်မြေအလိုက် လူ ငယ်ရေးရာလှုပ်ရှားမှုများကို အသီး သီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် မန္တလေးတိုင်းဒေသ ကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်း မောင်က ဗန်းမော်မြို့နယ်ပြည်ခိုင် ဖြိုးပါတီလူငယ်လေ့လာရေးအဖွဲ့ အား အမှတ်တရ ကျောက်စီပန်းချီ ကားပေးအပ်ခဲ့ပြီး ဗန်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှလည်း မန္တလေး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အား အမှတ်တရ ကျောက်စီပန်းချီ ကားပြန်လည်ပေးအပ်ခဲ့သည်။

ဗန်းမော်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီလူငယ်လေ့လာရေးအဖွဲ့သည် စုစုပေါင်း ၇ဝ ပါဝင်ပြီး လေ့လာ ရေးခရီးစဉ်အဖြစ် နေပြည်တော်၊ ပုဂံညောင်ဦး၊မန္တလေးနှင့်ပြင်ဦးလွင် စသည့်မြို့များသို့ သွားရောက်ကာ လေ့လာရေးခရီးလည်ပတ်၍ ဗန်း မော်မြို့သို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

သုတ(မန္တလေး)