နေပြည်တော်တွင် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် အပါအဝင် မဏ္ဍပ်ပေါင်း ၂၂ ခု ဆောက်လုပ်သွားမည်
ရန်ကုန် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)
နေပြည်တော်တွင် မြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ်အပါအဝင် မဏ္ဍပ်ပေါင်း ၂၂ ခု ဆောက်လုပ်သွားမည်ဖြစ်ပြီး လမ်းလျှောက် သင်္ကြန်များ လည်း ပါဝင်မည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ယခုနှစ် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တေးသံရှင် များနှင့် ယိမ်းအဖွဲ့များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် တေးသံရှင်များ၊ ငြိမ်းချမ်းရေးဂီတပွဲတော်မှ အနုပညာရှင်များ၊ နိုင်ငံကျော် ခေတ်ပေါ်တေးသံရှင်များနှင့် ဌာနဆိုင်ရာများမှ ယိမ်းအဖွဲ့ဝင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ၊ မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများကိုလည်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ အတူ ရခိုင်ရိုးရာ သင်္ကြန်မဏ္ဍပ်တွင်နေပြည်တော်ရှိ ရခိုင် တိုင်းရင်းသား များဖြင့် ရိုးရာနှင့်အညီ ရခိုင်သင်္ကြန် ပွဲတော်ကိုလည်း ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
(Xinhua)