မိတ္ထီလာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ စာဖြေသံဃာတော်များအား အချိုရည်ဘူးများ ဆက်ကပ်လှူဒါန်း


မိတ္ထီလာ ဧပြီ ၂

မိတ္ထီလာမြို့နယ် နန်းတော်ကုန်းရပ်ကွက် အထက (၁) ကျောင်းအတွင်း၌ ၂ဝ၁၈ ခုနှစ် မတ် ၂၁ ရက်မှ ဧပြီ ၃ ရက်အထိ ကျင်းပသည့် ဓမ္မာစရိယစာမေးပွဲနှင့်ပထမပြန်စာမေးပွဲကို တက်ရောက်ဖြေဆို သံဃာစုစုပေါင်း ၅၁၇ ပါးတို့အား ယမန်နေ့တွင် မိတ္ထီလာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အချိုရည်ဘူးများ သွားရောက်လှူဒါန်းခဲ့သည်။ အဆိုပါလှူဒါန်းမှုအစုစုကို မိတ္ထီလာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ လွှတ်တော်ကိုယ်စားလှယ် လေးဦးတို့မှ လှူဒါန်းငွေကျပ် ၁၃၁ဝဝဝ တန်ဖိုးရှိ အချိုရည်ဘူးများ သွားရောက် လှူဒါန်းကြသည်။ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးလွင်၊ မြို့နယ်ကော်မတီဝင်များ သွားရောက်၍ စာဖြေသံဃာတော်များအား ကိုယ်တိုင်ကိုယ်ကျ သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

စိုးလှိုင်(ထီလာ)