ရန်ကုန်မြောက်ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီ လှည်းကူးတွင် ရပ်ကွက်နှင့်ကျေးရွာပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်တာဝန်ပေးအပ်

 

ရန်ကုန် ဧပြီ ၁

ရန်ကုန်မြောက်ပိုင်းခရိုင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက ကြီးမှူးကျင်းပသည့် လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မှ ရပ်ကွက်နှင့်ကျေးရွာပါတီ ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ တာဝန် ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် လှည်းကူးမြို့ နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပ ရာ တက်ရောက်လာသူများက နိုင်ငံတော်သီချင်း သံပြိုင်ရွတ်ဆို ၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ သည်။
အဆိုပါအခမ်းအနားသို့ ဗဟို ကော်မတီဝင်၊ ရန်ကုန်မြောက် ပိုင်းခရိုင် တာဝန်ခံဦးတင်မောင် ဝင်း၊ တိုင်းဒေသကြီးပါတီ ကော် မတီဝင် ဦးခင်မောင်တင့်၊ ခရိုင် ပါတီဥက္ကဋ္ဌဦးတင်ယုနှင့် အတွင်း ရေးမှူးဦးမျိုးဇော်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမြတ်စိုး၊ အတွင်းရေးမှူး ဦးကျော်စိုးဝင်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာပါတီဥက္ကဋ္ဌနှင့် ကော်မတီ ဝင်များ တက်ရောက်ခဲ့ပြီး ဗဟို ကော်မတီဝင်ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားကာ ရပ်/ကျေး ပါတီဥက္ကဋ္ဌနှင့် ကော် မတီဝင် တာဝန်ပေးအပ်လွှာများ အား ခရိုင်ဥက္ကဋ္ဌဦးတင်ယုကပေး အပ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြတ် စိုးက လက်ခံရယူခဲ့၍ ဗဟို၊ တိုင်း ဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ပါတီ အကြီးအကဲများက ရပ်/ကျေး ပါတီဥက္ကဋ္ဌများအား ပါတီရင်ထိုး တံဆိပ်များ ဂုဏ်ပြုတပ်ဆင်ပေး ပြီးနောက် အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မျိုးဇော်(လှည်းကူး)