မအူပင်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဥက္ကဋ္ဌတာဝန် ပေးအပ်ပွဲနှင့်လပတ်အစည်းအဝေးကျင်းပ

 

မအူပင် မတ် ၃၁

ဧရာဝတီတိုင်းဒေသကြီးမအူပင် ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီး မှူးကျင်းပသော ဒုတိယအကြိမ် ရပ်/ကျေးပါတီဥက္ကဋ္ဌ တာဝန်ပေး အပ်ပွဲနှင့် လပတ်အစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီ၌ မအူပင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးမျိုး ဆက်အားမာန်ခန်းမတွင် ကျင်းပခဲ့ သည်။

အခမ်းအနားတွင် ဧရာဝတီ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် မအူပင်ခရိုင်တာဝန်ခံ ဦးသန်းထွန်းက ပါတီ၏ဆောင်ရွက် နေသောလုပ်ငန်းများအကြောင်းရှင်း လင်း၍ အမှာစကားပြောကြား ခြင်း၊ တိုင်းပါတီကော်မတီဝင် လူ ငယ်ရေးရာတာဝန်ခံ ဦးသက်လင်း က လူငယ်ရေးရာလုပ်ငန်းနှင့်ပတ် သက်၍ ရှင်းလင်းအမှာစကား ပြောကြားခြင်း၊ မအူပင်ခရိုင်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးကျော်ဖေဦး က ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်း ၍ အမှာစကားပြောကြားခြင်း၊ မအူပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ လစ်လပ်လျက်ရှိသော ပါတီကော်မ တီဝင်များနှင့်အရန်ပါတီကော်မတီ ဝင်များ အစားထိုးခန့်အပ်ခြင်း၊ တာဝန်ပေးအပ်ခြင်းပြုလုပ်ရန်ကျန် ရှိ နေသေးသော ရပ်/ ကျေးပါတီ ဥက္ကဋ္ဌများအား တာဝန်ပေးခန့်အပ် လွှာများပေးအပ်ခြင်း၊ မအူပင်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစော သောင်းဒန်က နိဂုံးချုပ်အမှာစကား ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော် မတီဝင်များ၊ မအူပင်ခရိုင်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌနှင့် ခရိုင်ကော်မတီ ဝင်များ၊ မအူပင်မြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီ ဝင်များ၊ အရန်ပါတီကော်မတီဝင် များ၊ မအူပင်မြို့နယ်အတွင်းရှိ ရပ် ကွက်နှင့်ကျေးရွာအုပ်စု (၈၈)အုပ်စု မှပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင် များ စုစုပေါင်းအင်အား ၁ဝဝ ခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

ဖြိုးမောင်ဇော်(မအူပင်)