ဂျိုရွှာက ပါကာကို အမှတ်ဖြင့်နိုင်ပြီး ကမ္ဘာ့ဟဲဗီးဝိတ်ခါးပတ်တစ်ခု ထပ်မံရယူ

(Oli SCARFF/AFP)

 

 ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဆုများ ပေါင်းစည်းရေးပွဲတွင် ဗြိ တိန်လက်ဝှေ့သမား အန်သိုနီဂျို ရွှာက ဂျိုးဆက်ပါကာကို ၁၂ ချီ အပြည့် ထိုးသတ်ခဲ့ရပြီး အမှတ် ဖြင့် အနိုင်ရရှိခဲ့သည်။

အမှတ်ပေးဒိုင်လူကြီးသုံးဦး စလုံးက ၁၁၈-၁၁၀၊ ၁၁၈-၁၁၀၊ ၁၁၉-၁၀၉ ဖြင့် ဂျိုရွှာကို တညီတညွတ်တည်း အနိုင်ပေးခဲ့သည်။

၂၀၁၂ လန်ဒန်အိုလံပစ်ချန် ပီယံ ဂျိုရွှာသည် ကြေးစားလက် ဝှေ့လောကသို့ ဝင်ရောက်လာ ပြီးနောက် ၂၁ ပွဲ ထိုးသတ်ပြီး ၂၁ ပွဲ အနိုင်ရရှိကာ ရာနှုန်းပြည့်နိုင်ပွဲ ဆက်ထိန်းနိုင်ခဲ့သော်လည်း ယခု ပွဲသည် ပထမဆုံးအလဲထိုးဖြင့် အနိုင်မရသောပွဲအဖြစ် မှတ်တမ်း ဝင်ခဲ့သည်။

ယခုနိုင်ပွဲနှင့်အတူ ဂျိုရွှာ သည် လက်ရှိ နိုင်ငံတကာ လက် ဝှေ့ဖက်ဒရေးရှင်း(IBF)နှင့် ကမ္ဘာ့လက်ဝှေ့အစည်းအရုံး (WBA)  ခါးပတ်များအပြင် ပြိုင်ဘက် နယူးဇီလန်သား ဂျိုးဆက်ပါကာ၏ ကမ္ဘာ့လက်ဝှေ့အဖွဲ့ (WBO) ခါးပတ်ပါ ပိုင်ဆိုင်ခဲ့သည်။

သို့သော် ဂျိုရွှာသည် ကမ္ဘာ့လက်ဝှေ့ကောင်စီ (WBC) ခါးပတ်ကို ရယူထားသော အမေရိကန်နိုင်ငံသား ဒီယွန်တေဝိုင်လ် ဒါကို စိန်ခေါ်ထိုးသတ်အနိုင်ယူ ပြီးမှသာ အငြင်းပွားဖွယ်မရှိ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ ခံယူ နိုင်မည်ဖြစ်သည်။

ဝိုင်လ်ဒါသည် ယင်းပွဲကို လာရောက်ကြည့်ရှုရန် စီစဉ်ခဲ့သော်လည်း ရောက်မလာပေ။ ယင်းအတွက် ပါကာကို အနိုင်ရရှိပြီးနောက် ဂျိုရွှာက ၎င်းနှင့်ထိုးသတ်ရန် ဝိုင်လ်ဒါကို စိန်ခေါ်ခဲ့သည်။

 ပါကာသည် ယခုရှုံးပွဲကြောင့် ၎င်း၏ကြေးစားဘဝ ၁၅ ပွဲ ထိုးသတ်မှုတွင် ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့သည်။ ‘‘ကျွန်တော် ဒီည ကျွန်တော့်ထက်ပိုကောင်းတဲ့ ချန်ပီယံကို ရှုံးသွားတာပါ’’ဟု ပါကာက ပြောကြားသည်။

ဗြိတိန်နိုင်ငံ ကာဒစ်မြို့တွင် ထိုးသတ်သော ထိုပွဲ၌ ပရိသတ် ၇၈,၀၀၀ ဦး ရုံပြည့်ရုံလျှံ လာရောက်အားပေးခဲ့ပြီး ဂျိုရွှာက ပေါင် ၁၅ သန်းနှင့် ပါကာက ပေါင် ၇ သန်း ရရှိခဲ့သည်။ 

—Ref: BBC