ဒီဂီယာကိုလိုချင်ရင် စီရော်နယ်ဒိုနဲ့လဲမယ်

ရီးယဲလ်မက်ဒရစ်အသင်းမှာ အပြောင်းအရွှေ့ဈေးကွက်ရောက်တိုင်း မန်ယူဂိုးသမား ဒီဂီယာကို ခေါ်ယူရန် အမြဲလိုကြိုးပမ်းလေ့ ရှိနေခြင်းနှင့်ပတ်သက်ပြီး မန်ယူနည်းပြ မော်ရင်ညိုက ပြန်လည် တုန့်ပြန်သွားခဲ့သည်။

၎င်းတို့အနေဖြင့် စီရော်နယ်ဒိုကို မိမိတို့အသင်းထံ စေလွှတ်ပေးမည်ဆိုပါက ဒီဂီယာကို ပြန်လည်စေလွှတ် ပေးသွားမည်ဟု မော်ရင်ညိုက ဆိုလိုက်သည်။ ဒီဂီယာမှာ လာမည့်ရာသီအကုန်တွင် မန်ယူအသင်းနှင့် စာချုပ် သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ မန်ယူအသင်းကလည်း စာချုပ်သက်တမ်းတိုးရန် စီစဉ်နေသော်လည်း ဒီဂီယာ ဘက်မှ အချိန်စွဲသည့် အနေအထားမျိုး ရှိနေခြင်းကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

ဒီဂီယာမှာ ၂၀၁၅၊ နွေရာသီအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးအချိန်တွင် ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ လုနီးပါး ဖြစ်ခဲ့သည်။ လတ်တလောတွင် မန်ယူအသင်း၌ ပျော်ရွှင်နေသည်ဟု ဒီဂီယာက ဖွင့်ဟလိုက်သော်လည်း ရီးယဲလ်မက်ဒရစ်အသင်းက ၄င်းကို ဆက်လက်ဖြားယောင်းနေဆဲဖြစ်ရာ မော်ရင်ညိုက စီရော်နယ်ဒိုကို စေလွှတ် ပေးမည်ဆိုပါက ဒီဂီယာကိုလည်း ပြန်လည်စေလွှတ် ပေးသွားမည်ဟု တုန့်ပြန်သွားခဲ့ခြင်းဖြစ်သည်။

စီရော်နယ်ဒိုကလည်း အသင်းဟောင်းမန်ယူသို့ ပြန်လည်ပြောင်းရွှေ့လိုသည်ဟု ဖွင့်ဟခဲ့ဖူးသလို၊ လက်ရှိတွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် မသေချာသည့်အခြေအနေမျိုး ရှိနေခြင်းကို မော်ရင်ညိုက ပြန်လည် အသုံးချလိုက်ခြင်းဖြစ်သည်။

-Ref; Sky sports