မဟာအောင်မြေပြည်ခိုင်ဖြိုးပါတီမှ အာဟာရဒါနတိုက်ကျွေး

 

မန္တလေး မတ် ၂၇

မန္တလေးမြို့ မဟာအောင်မြေ မြို့နယ် စိန်ပန်းရပ်ကွက်ရှိ ဝါဆို ကျောင်းတိုက်တွင် ဖွင့်လှစ်ထား သော ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းနှင့် အခြေခံကွန်ပျူတာ သင်တန်းများမှ ကျောင်းသား၊ ကျောင်းသူများကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မဟာအောင်မြေမြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှ အာဟာရ ဒါန တိုက်ကျွေးမှုအဖြစ် ရေခဲမုန့် နှင့် ကိတ်မုန့်များ ကျွေးမွေးလှူ ဒါန်းခဲ့သည်။

ထိုသို့ လှူဒါန်းရာသို့ မဟာ အောင်မြေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးမြင့်သန်း၊ အတွင်းရေးမှူး ဦးသန်းစိုး၊ မြို့နယ်ပါတီ ကော်မတီ ဝင်များ၊ စိန်ပန်းရပ်ကွက်ပါတီ ဥက္ကဋ္ဌနှင့်ပါတီဝင်များ လိုက်ပါ ကူညီဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

သုတ