မြန်မာအသင်းနည်းပြ ဂတ်ဆီဇီနှင့်နှစ်ဦးသဘောတူလမ်းခွဲလိုက်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ် သတင်းထုတ်ပြန်

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့သည့် ဂျာမန်လူမျိုး နည်းပြချုပ် ဂတ်ဆီဇီနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)တို့ ယနေ့တွင် နှစ်ဖက်သဘောတူ စာချူပ် ဖျက်သိမ်း လိုက်ပြီဖြစ်သည်။

ဂတ်ဆီဇီနှင့် MFF သည်စာချုပ်သက်တမ်း ၉ လ ကျန်ရှိနေသေးသော်လည်း ပြီးခဲ့သည့် အာရှဖလား ခြေစစ်ပွဲတွင် ရလဒ်ဆိုးရွားခဲ့ပြီး မြန်မာအသင်း အာရှဖလား ဝင်ရောက်ခွင့် ပျက်ပြယ်ခဲ့သည့် အတွက်လည်းကောင်း၊ ဆီးဂိမ်းစ် ပြိုင်ပွဲတွင်လည်း အောင်မြင်မှု မရရှိခဲ့ခြင်းတို့ကြောင့် လည်းကောင်း နည်းပြဂတ်နှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
MFF အနေဖြင့် မြန်မာအသင်း၏ မကာအိုနှင့် လက်ကျန် အာရှဖလားခြေစစ်ပွဲအား AFC(A) လိုင်စင်ရ လက်ထောက်နည်းပြ ဦးဇော်ဝင်းထွန်းကို ယာယီနည်းပြချုပ်အဖြစ် တာဝန်ပေးမည်ဖြစ်ကာ ဦးကြည်လွင်မှ ကြီးကြပ်လမ်းညွှန်ပေးသွားမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်အနေဖြင့် လက်ရွေးစင်အသင်းနည်းပြချူပ်သည် AFC (A)လိုင်စင်ရရှိထားသူ ဖြစ်ရမည်ဟု သက်မှတ် ထားသောကြောင့် ယခုကဲ့သို့ ယာယီခန့်အပ် တာဝန် ပေးရခြင်းဖြစ်သည်။
မြန်မာနည်းပြအဖွဲ့ တာဝန်ယူမည် မြန်မာနှင့်မကာအို ပွဲစဉ်အား မတ်လ(၂၇)ရက် ညနေ(၆း၀၀)နာရီ သုဝဏ္ဏကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး ကွင်းဝင်ကြေးအခမဲ့ သက်မှတ်လိုက်ပါသည်။

Credit .MFF