အာရှယူ၂၁ စနူကာပြိုင်ပွဲတွင် မြန်မာကစားသမား အောင်ဖြိုး ရှုံးပွဲမရှိ အနိုင်ရဗိုလ်စွဲ

အာရှယူ ၂၁ စနူကာပြိုင်​ပွဲမှာ စနူကာကစားသမား ​အောင်​ဖြိုးဟာ ရှုံးပွဲမရှိ အနိုင်ရ ဗိုလ်​စွဲသွားပါတယ်​။ ပြိုင်ပွဲ မစတင်​မီက ရှုံးထွက်​အဆင့်လောက်​သာ ​မျှော်​မှန်းထားခဲ့​ပေမယ့် ပွဲစဉ်​တလျှောက်​ လက်​စွမ်းပြပြီး​ ရှုံးပွဲ လုံးဝမရှိဘဲ ဗိုလ်စွဲသွားခဲ့တာပါ။

အောင်​ဖြိုးဟာ ​ကွာတားဖိုင်​နယ်​မှာ ​ဟောင်​​ကောင်​နိုင်​ငံသား ကာ​ဝေချန်​ကို ၅-၃၊ ထိုင်းနိုင်​ငံသား ​ပေါင်​ဆာခွန်​ကို ၅-၂၊ ဗိုလ်​လုပွဲမှာ​တော့ ပါကစ္စတန်​နိုင်​ငံသား ဟာရစ်​တဟီရာ ကို ၆-၄ နဲ့ အနိုင်​ရပြီး ဗိုလ်​စွဲခဲ့တာပါ။

ဘိလိယက်​ ပြိုင်​ပွဲမှာ​တော့ ကမ္ဘာ့ချန်​ပီယံ ၁၈ ကြိမ်​ရရှိဖူးတဲ့ အိန္ဒိယနိုင်​ငံသာ အက်​ဒ်​ဗန်​နီကပဲ ဗိုလ်​စွဲခဲ့ပါတယ်​။

အမျိုးသမီးစနူကာပြိုင်​ပွဲမှာ​တော့ အိန္ဒိယသူ ​အေမီကမာနီက ဗိုလ်​စွဲသွားခဲ့ပါတယ်​။

ဘိလိယက်​၊ စနူကာနဲ့​ အမျိုးသမီးစနူကာ ပြိုင်​ပွဲ ၃ ပွဲထည့်သွင်းကျင်းပခဲ့တဲ့ အဆိုပါ အာရှပြိုင်​ပွဲမှာ မြန်​မာကစားသမား ၁၅ ဦး ဝင်​ပြိုင်​ခဲ့ပြီး​တော့ လူငယ်​စနူကာကစားသမား ​အောင်​ဖြိုးဟာ အံ့အားသင့်ဖွယ်​ လက်​စွမ်း​တွေနဲ့ အာရှယူ ၂၁ စနူကာချန်​ပီယံဆုကို ရရှိခဲ့တာပဲဖြစ်​ပါတယ်​။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အာရှ ဘိလိယက်နဲ့ စနူကာပြိုင်ပွဲမှာ နိုင်ငံပေါင်း ၁၆ နိုင်ငံက ကစားသမားတွေ လာရောက်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

(DVB)