ကမ္ဘာ့နံပါတ်တစ်နေရာကို ဆုံးရှုံးရမည့်အပြင် ပြင်သစ်အိုးပင်းနှင့်လည်း ဖက်ဒဲရား လွဲချော်မည်

ဆွစ်ဇာလန်တင်းနစ်အကျော်အမော် ရော်ဂျာဖက်ဒဲရားသည် မီယာမီအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ရပြီးနောက် လက်ရှိရပ်တည်နေသည့် အမျိုးသားတစ်ဦးချင်းကမ္ဘာ့အဆင့် နံပါတ်တစ်နေရာကို ဆုံးရှုံးရမည်ဖြစ်သည့်အပြင် ပြင်သစ် အိုးပင်းတင်းနစ်ပြိုင်ပွဲတွင်လည်း ပါဝင်ကစားနိုင်မည်မဟုတ်ဘဲ လွဲချော်မည်ဖြစ်ကြောင်း ဖက်ဒဲရားက တရားဝင် ကြေညာခဲ့သည်။

အသက်(၃၆)နှစ်အရွယ်ရှိ ဖက်ဒဲရားသည် မီယာမီအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၁၇၅ တွင် ရပ်တည်လျက် ရှိသည့် ကော့ကီနာကစ်ကို ၃-၆၊ ၆-၃၊ ၇-၆(၇-၄)ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး လာမည့် တင်းနစ်ပြိုင်ပွဲများတွင် ဒဏ်ရာပြဿနာကြောင့် လွဲချော်မည်ဖြစ်ကြောင်း သိရသည်။

ဖက်ဒဲရားသည် ပြီးခဲ့သည့် တင်းနစ်ရာသီကလည်း ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် ဝင်ဘယ်ဒန် တင်းနစ်ချန်ပီယံဆုကို ရယူနိုင်ခဲ့သူဖြစ်သည်။ ဖက်ဒဲရားသည် လက်ရှိတွင် ကမ္ဘာ့အဆင့် နံပါတ်တစ်နေရာတွင် ရပ်တည်နေသော်လည်း ရာဖေးလ်နာဒယ်ကို နံပါတ်တစ်နေရာ အစားထိုးပေးရတော့မည်ဖြစ်ကြောင်း သိရသည်။

ဖက်ဒဲရားသည် ၄င်း၏ တင်းနစ်လောကဖြတ်သန်းမှုတွင် အမျိုးသားတစ်ဦးချင်း ဂရန်းဆလမ်းပြိုင်ပွဲများမှ တစ်ဆင့် တင်းနစ်ချန်ပီယံဆုကို အကြိမ် ၂ဝ အထိ ရယူဆွတ်ခူးထားနိုင်ခဲ့သူဖြစ်သည်။

-Ref; Sky sports