လိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲကျင်းပ

ရန်ကုန် မတ် ၂၅

ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး ၂ဝ ကျေးရွာအုပ်စု တို့မှရပ်ကွက်/ကျေးရွာပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ အား တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်း၊ ဗဟိုကော်မတီဝင် ရန်ကုန်မြောက်ပိုင်းခရိုင်တာဝန်ခံ ဦးတင်မောင်ဝင်း၊ ရန်ကုန်မြောက်ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးတင်ယုနှင့် ခရိုင်ကော်မတီဝင်များ၊ လှိုင်သာယာမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇေယျာအောင်နှင့် မြို့နယ်ကော်မတီဝင် များ၊ ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်အင်အား ၁၅ဝ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းပါတီအတွင်းရေးမှူး ဦးသာဝင်းက တက်ရောက်လာကြသော ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌနှင့် ပါတီဝင် များကို နှုတ်ခွန်းဆက်မိတ်ဆက်စကားပြောကြားကာ ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် မိမိတို့ပါတီ အောင်နိုင်ရေး ကို စဉ်ဆက်မပြတ် စည်းရုံးဆောင်ရွက်ကြရန်နှင့် ပါတီမှချမှတ်ထားသောမူဝါဒနှင့် စည်းကမ်းများကို လိုက်နာ ဆောင်ရွက်ကြရန် ပါတီမှပေးအပ်သော တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ကြရန် တိုက်တွန်းပြောကြား ခဲ့သည်။
ထို့နောက် ပြည်ခိုင်ဖြိုးဗဟိုကော်မတီဝင် မြောက်ပိုင်းခရိုင်တာဝန်ခံ ဦးတင်မောင်ဝင်းက အမှာစကားပြောကြားခဲ့ပြီး မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင်ယုက ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များအား ပါတီတာဝန်ပေးအပ်လွှာများကို ပေးအပ်ခဲ့ပြီး အခမ်းအနားကို နံနက် ၁ဝ နာရီခွဲတွင် ပြီးစီးခဲ့ကြောင်း သိရသည်။

မြင့်သန်း(လှိုင်သာယာ)