ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌများ တာဝန်ပေးအပ်
ရှားတော မတ် ၂၅
ကယားပြည်နယ် လွိုင်ကော်ခရိုင် ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမတွင် ယမန်နေ့နံနက် ၁ဝ နာရီက ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ ကျေးရွာ အုပ်စုပါတီဥက္ကဋ္ဌများ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။ ပထမဦးစွာ တက်ရောက်လာကြသော ပါတီဝင်များက နိုင်ငံတော်အလံအား အလေးပြုပြီး အခမ်းအနားကို ဖွင့်လှစ်သည်။ ယင်းနောက် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင် သိန်းက အဖွင့်အမှာစကားပြော ကြားသည်။
ဆက်လက်ပြီး ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးတင်ဦးက ရပ်ကွက်/ ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌများ တာဝန်ပေးအပ်ရခြင်းအား ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်းက တာဝန်ပေးအပ်ခြင်း ခံရသော ရပ်ကွက်/ကျေးရွာအုပ်စုပါတီ ဥက္ကဋ္ဌ များအား တာဝန်ခန့်အပ်လွှာ အသီးသီးပေးအပ်ပြီး၊ တာဝန်ပေးအပ်ခြင်းခံရသော ရပ်ကွက်/ကျေးရွာအုပ်စု ပါတီ ဥက္ကဋ္ဌများ ကတိသစ္စာ ခံယူသည်။
ယင်းနောက် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် (ရှားတောမြို့နယ်တာဝန်ခံ) ဦးရဲဝင်းက ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီဘဏ္ဍာရေးမှူး ဒေါ်နော်ဟူးဗိုလ်ဦးထံသို့ ရှားတောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွက် ပါတီရန်ပုံငွေကျပ် ၃ဝဝဝဝဝ ပေးအပ်လှူဒါန်းသည်။ ထို့နောက် ရှားတောမြို့နယ် ရပ်ကွက်/ကျေးရွာ ပါတီဥက္ကဋ္ဌများကိုယ်စား တောင်ပိုင်းကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌ ဦးဌေးရယ်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ယနေ့ကျင်းပသည့် ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီ ဥက္ကဋ္ဌများ တာဝန်ပေးအပ်ပွဲအခမ်းအနားသို့ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်ပါတီနာယက ဦးတောရယ်၊ ပြည်နယ်ပါတီ ယာယီအတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ပါတီကော်မတီ ဝင်များဖြစ်ကြသော ဦးရဲဝင်း (ရှားတောမြို့နယ်တာဝန်ခံ) ဦးတင်ဦး၊ ဒေါ်ဗျားမြာမောင်နှင့် ဒေါ်နန်းယာဉ်သီတာ ထွေး၊ လွိုင်ကော်ခရိုင်ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်ဦး၊ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဘဏ္ဍာရေးမှူး ဦးလင်းမြတ်ဦး၊ မြို့နယ်ကော်မတီဝင် ဦးမင်းဇော်ဦး၊ ရှားတောမြို့နယ်ပါတီဥက္ကဋ္ဌ ဦးပေါလူ၊ အတွင်းရေးမှူး ဒေါ်အန်ဂျလေးနာမ လေးနှင့် မြို့နယ်ကော်တီဝင်များ၊ ရပ်ကွက်/ကျေးရွာပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ စုစုပေါင်းအင်အား ၅ဝ ကျော် တက်ရောက်ပြီး အခမ်းအနားကို နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် အောင်မြင်စွာပြီးစီးကြောင်းနှင့် အခမ်းအနား အပြီးတွင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်းက တက်ရောက်လာကြသော ပါတီဝင်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြောင်း သိရသည်။
မမောင်(ချိကယ်သူ)