ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဖြိုးစေတနာသွားနှင့်ခံတွင်း(အခမဲ့)ကွင်းဆင်းကုသ
ရန်ကုန် မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်း ခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဖြိုးစေတနာ သွားနှင့်ခံတွင်း(အခမဲ့) ကွင်း ဆင်းကုသရေးအဖွဲ့မှ (၄၇)ရပ်ကွက် ဓမ္မ နီတိဓမ္မာရုံတွင် ယနေ့ နံနက် ၉ နာရီမှ စတင်၍ရပ်ကွက်အတွင်း သွားနှင့်ခံတွင်း ဝေဒနာရှင် ၃၆ ဦးအား အခမဲ့ကွင်းဆင်း ကုသမှုဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းကုသရေးအဖွဲ့သည် မြို့နယ်အတွင်း အမှတ် (၅၁)၊ (၄၅)၊ (၅ဝ)၊ (၄၇)ရပ်ကွက်များသို့ ခံတွင်းနှင့်သွားဝေဒနာ ရှင် ၁၇၇ ဦးအား ကုသမှုဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည်။
ကွင်းဆင်းကုသမှုဆောင်ရွက်ရာသို့ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဇော်၊ အတွင်းရေးမှူးဦးသန်းစိုး၊ မြို့နယ်ကော်မတီဝင် ဦးမင်းဇော်ဦး၊ ဦးကျော်ထင်၊ ဒေါ်မာလာရည်လွင်၊ ဒေါ်တင်တင်အေး၊ ဦးမြင့်ဦး၊ ဒေါက်တာဇော်လင်းပြုံးနှင့် ဒေါက်တာခိုင်ဇင်အောင်၊ ရပ်ကွက် ပါတီကော်မတီဥက္ကဋ္ဌ ဒေါ်အေးအေးခိုင်နှင့် ရပ်ကွက်ပါတီကော်မတီဝင် များ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
တင်ဆန်းအောင်